Part [2]

986 168 23
                                    

Unicode

"အဲဒါလေးတွေကို ဒီဘက်နည်းနည်းရွှေ့လိုက်"

"Certificateတွေက ညာဘက်ကို..ဟုတ်တယ်"

ခြောက်ပေကျော်ကျော်လောက်ရှိသည့် နံရံကပ်မှန်ဘီရိုကြီးရှေ့၌ ခုံရှည်တစ်လုံးဖြင့်အလုပ်ရှုပ်နေသည့် Ocean Crest၏ ကျောင်းသားဥက္ကဋ္ဌ။

အောက်ကနေညွှန်ကြားနေသော ဆရာဖြစ်သူက အပေါ်ကိုမော့ကြည့်လျက် စကားပြောနေရာမှ ဘေးဘက်ကိုလှည့်ကာ အားနာသလိုပြုံးပြသည်။

"ကျေးဇူးပါပဲ ပရော်ဖက်ဆာ..ကျွန်တော်လည်း ဒီနေ့ဘယ်လိုမှမအားနေတာနဲ့ လမ်းကြုံတုန်း ဆရာ့ကိုအကူအညီတောင်းလိုက်ရတာ"

"ရပါတယ်ဗျာ..ကိုယ့်ကျောင်းကိစ္စပဲဟာ အပန်းမကြီးပါဘူး"

ခေါင်းတစ်ချက်ယမ်းရင်း ပြန်ဖြေတော့ စာကြည့်တိုက်မှူးက ကျေးဇူးတင်စွာခေါင်းညိတ်သည်။ 'Nirvana'ဟုအမည်ရသော Ocean Crest၏ တိတ်ဆိတ်ငြိမ်သက်သော စာကြည့်တိုက်သည် စာပေလေ့လာဖတ်ရှုစရာ နေရာတစ်နေရာလည်း ဖြစ်သကဲ့သို့ ကျောင်း၏ ဆုတံဆိပ်အမှတ်အသားပေါင်းများစွာကို ဂုဏ်ယူဖွယ်ရာတွေ့မြင်နိုင်သော နေရာတစ်ခုဆိုလျှင်လည်း မမှား။ ယခု ထိုအထဲတွင် နှစ်ခုထပ်တိုးရန် ဒီနှစ်campus kingနှင့်queenတို့၏ ဂုဏ်ပြုအမှတ်တံဆိပ်ကို အပ်ထားသည့်နေရာမှ စာကြည့်တိုက်မှူးအစား သူက သွားထုတ်ကာ ကျောင်းသို့ယူဆောင်လာပေးခဲ့ရခြင်းဖြစ်သည်။

နှစ်စဥ်နှစ်တိုင်းအသစ်ပြုလုပ်သော King၊ Queenများ၏ ဂုဏ်ပြုအမှတ်တံဆိပ်သည် အမြင့်ပေ၈လက်မခန့်ရှိသော ကိုယ်စားပြုပုံတူအရုပ်များဖြစ်ပြီး စလွယ်နှင့် ဒိုင်းများအပါအဝင် အောက်ဘက်၌ ရရှိသည့် king၊ queenများ၏ အမည်ကိုပါ တခမ်းတနားဖြင့် ရိုက်နှိပ်ဖော်ပြထားသည်။ စာကြည့်တိုက်သို့ရောက်ရှိလာသော သူသူငါငါအပေါင်းတို့သည် တံခါးပေါက်ဘေးဘက်ရှိ နံရံကပ်မှန်ဘီရိုကြီးကို ၅မိနစ်ခန့်လေ့လာကြည့်လိုက်ရုံမျှဖြင့်ပင် Ocean Crest၏ ယခင့်ယခင် စီနီယာking၊ queenများမှ ယခုလက်ရှိ ဂျူနီယာking၊ queenများအထိ တစ်ပါတည်းသိရှိသွားနိုင်မည်ဖြစ်ပေသည်။

"ထောက်တိုင်ကတ်ကို ဘေးဘက်ထောင့်စွန်းကိုကပ်လိုက်"

"ဒီလိုလား ဆရာ"

3 Kisses Where stories live. Discover now