part စ🔞(uni)

6.6K 26 4
                                    

     ကိုယ့်နာမည်က သျှားနိုင်မော်
ကိုယ့်ကတဦးတည်းသောသား(ကိုယ့်အမေအတွက်)ပါ....
    တဦးတည်းသောသားအဖြစ်နဲ့
မိဘတွေနဲ့ နှစ်၂၀ကျော်နေလာခဲ့ပြီး ...
တနေ့မှာ ကိုယ့်အမေက
အဖေ့ကိုကွာရှင်းမယ်ဆိုလို့
ကိုယ်မှာ အံသြခဲ့ရတယ် .....
ဘာလို့လဲဆိုတော့ ကိုယ့်မိဘတွေက
၁ယောက်နဲ့၁ယောက်အရမ်းချစ်ကျတာ
တခါတလေ ကိုယ်တောင်မနာလိုဖြစ်ရတယ်
အမေအတွက် ကိုယ်ဟာ
အဖေနောက်မှအချစ်ခံလေးမို့လို့လေ
သားအဖေအတွက် သားအဖေအကြိုက်
သားအဖေကလေနဲ့ အဖေကိုဦးစားပေးခဲ့တာ
အဖေကလည်း အမေ့ကိုဆိုမျက်စိအောက်က
အပျောက်မခံခဲ့ဘူး .......
အဲ့လိုချစ်ကျတဲ့သူတွေကကွဲမယ်တဲ့လေ
အကြောင်းပြချက်ကိုမေးကြည့်တော့မှ
အဖေမှာ ထောက်ပံနေတဲ့
တခြားမိန်းမ၁ယောက်နဲ့
၁၆နှစ်အရွယ်သမီး၁ယောက်ရှိတယ်တဲ့......
ဘယ်လိုဖြစ်တာလဲဆိုတော့
ဧည်ခံပွဲတခုသွားရင်းကနေ
အဖေရဲ့ပြိုင်ဘက်လုပ်ငန်းက
လူတွေကလုပ်ကြံလို့ ဆေးမိပြီး
မှားသွားတာတဲ့.....
ကိုယ်ဝန်ရှိသွားလို့ အဖေကတိတ်တဆိတ်
ထောက်ပံနေတာတဲ့ ...
အမေ့ကို အရမ်းချစ်တဲ့ အဖေက
အမေသိရင် စိတ်ဆင်းရဲမှာစိုးလို့
ကိုယ့်ဘာသာကျိတ်ဖြေရှင်းနေခဲ့တာ
အခုလည်း ပြိုင်ဘက်လုပ်ငန်းက
အဖေကို နာမည်ပျက်အောင်လို့ဖော်လို့
အကုန်သိကုန်တာ .....
ငိုနေတဲ့ အမေ့ကိုနှစ်သိပ်ရင်း
မကွာရှင်းပဲ ခဏခွဲနေဖို့နှစ်သိပ်ထားရတယ်
အရမ်းချစ်တဲ့ လင်မယားကြား
ကိုယ့်မှာ ညှိနှိုင်းရေးမှူးဖြစ်လို့
အဖေကိုလည်း စိတ်မဆင်းရဲဖို့
ပြသာနာတွေကို စိတ်အေးအေးနဲ့ဖြေရှင်းဖို့
ကူညီပေးခဲ့ပြီး...
အမေ့ကိုလည်း စိတ်ပြေအောင်
အဖေရဲ့မတော်တဆအမှားဖြစ်ကြောင်း
စိတ်လိုက်မာန်ပါမဆုံးဖြတ်ပဲ
စိတ်ပြေလက်ပျောက်
သားတို့သားအမိခရီးထွက်ကျမယ်ဆိုပြီး
စီစဥ်ထားတယ် ...
ခဏခွဲနေကျမှ သူတို့စိတ်ပြေပြီး
အလွမ်းတွေတနင့်တပိုးနဲ့ပြန်ခေါ်ကျမှာ
အရင်ကနည်းနည်းလေးမှ
မခွဲဘူးတဲ့ လင်မယားက ခွဲနေကြည့်မှ
ဘယ်လောက်ချစ်ကျလဲသိမှာ.....
      ကိုယ်တို့သားအမိတွေ အဖေ့ကိုရန်ကုန်မှာ
ထားခဲ့ပြီး ...
ကလောဘက်က အပန်းဖြေဖို့ဆောက်ထားတဲ့
အိမ်မှာ ခဏသွားနေကျတယ် ....
အဲ့တော့မှ တခါမှမခွဲဘူးတဲ့ လင်မယားတွေက
ယောင်ပြီး
ထမင်းစားဖို့ပြင်ပြီးရင် အဖေ့သွားခေါ်တို့
TVကြည့်ပြီအိပ်ဖို့အခန်းထဲဝင်ရင်
ယောကျာ်းရေ အိပ်ကျစို့နဲ့ ယောင်ပြီး
ငူငူကြီး ဖြစ်နေကော
အဲ့ကျမှာ ကိုယ်လည်း
အဖေကိုလိုက်လာဖို့အကြောင်းကြားပြီး
အဖေထွက်လာပြီဆိုပြီး
ရောက်တော့မယ်ဆိုတော့မှ
လင်မယား၂ယောက်ကို ရှောင်ပေးပြီး
ကလောကသူငယ်ချင်းတွေနဲ့
တညလုံးကဲကျမယ်ဆိုပြီး
အပြင်ထွက်ရတယ် .....
သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့
barကိုရောက်တော့
ဟိုကောင်တွေက သောက်နေကျပြီ

ရှေ့တိုးဖို့မလွယ်ပေမယ့် နောက်ဆုတ်ရဖို့ပိုခက်တယ် (ရှေ့တိုးဖို့မလွယ်ပေမယ့် နောက်ဆုWhere stories live. Discover now