part ဆုံး(uni)

5.4K 37 2
                                    

    မနက်နိုးတော့ ၂ယောက်သား
မနေ့က အဝတ်တွေပြန်ဝတ်ပြီး
ဟိုတယ်ကထွက်လာခဲ့တယ်
   ကလေးတည်းတဲ့ ဟိုတယ်ကို
အရင်လိုက်ပို့ပြီး....
ကလေးကိုဆက်သွယ်လို့ရအောင်
ဖုန်းနံပါတ်တောင်းပြီး
လိပ်စာမေးတော့ ရန်ကုန်မှာနေတာတဲ့
ဒီကိုခဏလာပြီး
နောက်မေမေကိုလာခေါ်တာဆိုလို့
နားမလည်တာနဲ့သေချာမေးမှ
ကလေးရဲ့ အဖေက
အမေစိတ်ဆိုးသွားတာကို
လာပြန်ချော့ခေါ်တာတဲ့ ....
အခုမှ ကိုယ်လည်း အိမ်က
အဖေနဲ့အမေကိုသတိရတယ်
ချော့တာဘယ်လိုဖြစ်သွားလဲမသိဘူး
အိမ်ပြန်ကြည့်ရအုန်းမယ် ....
ကလေးကို အကိုက်အခဲပျောက်ဆေး
ချော့တိုက် မနက်စာကျွေးပြီး
နောက်ထပ်ထပ်လာမယ်ဆိုပြီး
ဟိုတယ်မှာထားခဲ့ကာ
အိမ်ပြန်လာခဲ့ရတယ် ....
. . . . . . . . . . .
. . . . . . .
    အိမ်ပြန်ရောက်တော့
အမေနဲ့အဖေကိုမတွေ့ဘူး
နောက်ဖေးသွားရေသောက်ပြီး
အပေါ်ထပ်တက်လာတော့မှ
အမေ့အခန်းထဲကထွက်လာတဲ့
အဖေ့ကိုတွေ့ရတယ် ....

"ချော့လို့ရပြီလား ...
အခြေအနေလေး...."ဆိုတော့

"မင်းအမေအိပ်နေတယ် ...
တိုးတိုးနေ အပြင်သွားပြီး
ပြန်လာခဲ့မယ် ...."တဲ့

"ဘယ်သွားမလို့တုန်း
အခုမှ အဆင်ပြေကာစကို
ကော်လိုကပ်နေရမှာမဟုတ်ဘူးလား ....ဟဲဟဲ"

"မသွားချင်ဘူးဟေ့ ....
ကပ်နေချင်တာ
မင်းညီမလေးကို ခေါ်လာတာ
ဟိုတယ်မှာထားခဲ့တယ် ....
သွားခေါ်ရအုန်းမယ် ....."

"ဟာ...အဖေကလည်းဘာလို့ခေါ်လာတာလဲ
ရန်ကုန်မှာထာခဲ့ပြီးရော
အမေကအခုမှစိတ်ပြေတာကို...."

"မခေါ်လို့မရလို့
သူ့အမေက နိုင်ငံခြားထွက်သွားပြီ
ကလေးကို ငါနဲ့ထားခဲ့တာ
၁ယောက်တည်း စိတ်မချလို့ခေါ်လာတာ...."

"အင်းပါ ....အဖေပိုင်ရင်ပြီးရော
မိန်းကလေး၁ယောက်တည်းကို
ဟိုတယ်မှာထားခဲ့ရတယ်လို့
တခါတည်းခေါ်လာပြီးရော ...."

"အခြေအနေကို မသိသေးလိုလေကွာ
သွားပြီ....တိတ်တိတ်နေ ....
မင်းအမေအိပ်နေတယ် ...."

"ဟုတ်ကဲ့ပါခင်ဗျာ....
သားလဲနားလိုက်အုန်းမယ်
ခဏနေအပြင်ပြန်သွားမလို့...."

ရှေ့တိုးဖို့မလွယ်ပေမယ့် နောက်ဆုတ်ရဖို့ပိုခက်တယ် (ရှေ့တိုးဖို့မလွယ်ပေမယ့် နောက်ဆုWhere stories live. Discover now