သုည

358 71 12
                                    

" ဒါက ကျွန်တော့်လူနာ ။ သူက ဘာကြီးပဲဖြစ်နေနေ ဘယ်လိုလူပဲ ဖြစ်နေနေ ခင်ဗျားတို့နဲ့ ဘယ်လိုပတ်သက် ပတ်သက် ကုရမှာက ကျွန်တော့်တာဝန်မို့ ခင်ဗျားတို့ ကိစ္စ နောက်မှလုပ်ပါ "

" လူသတ်သမားပါလို့ ပြောနေတာ ဒေါက်တာ ။ စစ်တပ်ထဲမှာ လူနှစ်ယောက်ကို ဓားနဲ့ထိုးသွားတဲ့ စစ်ပြေးပါ ။ စစ်တပ်က လူမို့ စစ်ဆေးရုံမှာကလွဲရင် ကုသခွင့် မပေးနိုင်ပါဘူး "

ဂျယ်မင်းက စိတ်တိုလာတယ် ။
လက်ထောက်တာဝန်ခံ ခွဲစိတ် ၊ သူနာပြုနဲ့ မေ့ဆေးဆရာဝန် အကုန် လူနာနဲ့အတူတူ အထဲရောက်နေပြီးမှ တာဝန်ခံ ခွဲစိတ်ဆရာဝန်ကို ခွဲခန်းရှေ့မှာ တားနေတာက ဘယ်လို အလုပ်ရှုပ်စရာ ကိစ္စလဲ ဒီစစ်တပ်က ဆိုတဲ့ ကောင်တွေက ။

" အခု လူနာအခြေအနေက သူကိုယ်တိုင်လည်း ဓားနဲ့ နှစ်ချက်အထိုးခံထားရပြီးလာတာလို့ ခင်ဗျားတို့ကို ဘယ်နှစ်ခါ ရှင်းပြရမှာလဲ ။ အခု ဒီမှာ ခွဲစိတ်ခန်းမဝင်ရရင် သူ့ကို ခင်ဗျားတို့ အလောင်းပဲရမှာ ကျွန်တော်ပြောရဲတယ် "

သူ့အရှေ့မှာ စစ်တပ်ကဆိုတဲ့ ကောင်တွေ ဆယ်ယောက်လောက်ရှိနေလည်း ဂျယ်မင်းက မှုမနေဘူး ။
လူ့အသက် ကယ်တဲ့ ဆရာဝန်ကို မကယ်ပါနဲ့လို့ အမိန့်ပေးနေတာက ဘယ်လိုမှ လူမဆန်နေဘူးလေ ။

" ကျွန်တော်တို့လည်း ပြောထားပြီးသားပါ ဒေါက်တာ ။
စစ်တပ်ကလူကို စစ်တပ်က ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ရမှာ ။
ပြီးတော့ စစ်တပ်က အမိန့်ပေးပိုင်ခွင့်လည်း ရှိတာကြောင့် ဒေါက်တာ့ကို ဒီခွဲခန်းထဲ မဝင်ဖို့ ကျွန်တော်တို့ တားနိုင်တာက အကုန်ပါပဲ "

ဂျယ်မင်းကို တကယ် လာစမ်းနေတာ သူတို့က ။
ကျပန်းစကားပြော ပြိုင်ပွဲလိုမျိုး သေတော့မဲ့လူနာကို ခွဲခန်းထဲထားပြီး စကားနိုင်လုနေရတာကို စိတ်ကုန်သလောက် ရှေ့က လူရဲ့ မျက်နှာကို စေ့စေ့ကြည့်မိတယ် ။

" အဲ့ဒီတော့ ဘာလဲ ။ ပြောချင်တာက ကျွန်တော့်ကို သေနတ်နဲ့ ချိန်မယ်လို့လား ။ ပစ်သတ်မယ်လို့လား ။ အဲ့တာဆိုလည်း ချိန်ထားလိုက်လေ ။ ကျွန်တော် ခုနက ပြောတဲ့အတိုင်း ထပ်ပြောမယ် ။ ခင်ဗျားတို့ သူ့ကို ခေါ်သွားရင် သူ လမ်းမှာတင် သေသွားမှာ ။ ထွက်ပြေးမှာကို ကြောက်နေတာဆိုရင် ဒီသေတော့မဲ့လူက ဘာလုပ်နိုင်မလဲ ခင်ဗျားတို့စဉ်းစား ။ ကျွန်တော်ပြောပြီးပြီ ။ ခင်ဗျားတို့နဲ့ ပတ်သက်တဲ့လူဆိုရင်တောင် ကျွန်တော့်ခွဲခန်းထဲက ထွက်လာမှ ကြည့်လုပ်လို့ "

ခွဲခန်းရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို ဂျယ်မင်းက တစ်စက်မှ မကြိုက်ဘူး ။ နားချိန်ရနေတဲ့ ဆရာဝန်တွေ အကုန် ဒီနေရာရောက်နေပြီး ပွစိပွစိပြောနေတာကိုလည်း မကြိုက်သလို သူက တာဝန်ခံဆရာဝန်ဖြစ်နေပြီး အခုထိ ခွဲခန်းထဲ မရောက်နိုင်သေးတာကို ပိုတောင်မကြိုက်ဘူး ။

ခွဲခန်းထဲကနေ ပြေးထွက်လာတဲ့ သူနာပြုရဲ့ "လူနာက သွေးပေါင်ချိန် ကျနေပါပြီ ဒေါက်တာ ။ သွေးထွက်လွန်နေတာကို ဒေါက်တာပတ်ခ်က လုပ်ပေးနေပါတယ်" ဆိုတဲ့ စကားမှာ ဂျယ်မင်းက ရှေ့က အထူးအေးဂျင့်ခေါင်းဆောင် ဆိုတဲ့ ကောင်ကို မျက်ခုံးပင့်ပြမိရတယ် ။

" ကြားလား လူနာရဲ့ အခြေအနေကို ။ ဒါတောင် ထွက်ပြေးနိုင်မယ်ထင်ရင်လည်း မတတ်နိုင်ဘူး ။ ကျွန်တော်က ကျွန်တော့်လူနာကို ကယ်မှာ ။ ဒီခွဲခန်းထဲ ဝင်လို့ အနောက်ကနေ သေနတ်နဲ့ ပစ်မယ်ဆိုရင်လည်း ပစ်လိုက် ။ အလောင်းနှစ်လောင်း ကောက်မလား ။ အကောင်းနှစ်ယောက်နဲ့ တွေ့မလားက ခင်ဗျားတို့ ရွေးဖို့ပေးမယ်"

ဂျယ်မင်းက ဘာစကားမှ ထပ်ပြီး ပြိုင်မပြောလိုတော့ဘူး ။
ခွဲခန်းထဲ ဝင်လာတဲ့ တစ်လျှောက်လုံးမှာလည်း ဘာသေနတ်သံ မှ မကြားခဲ့ရသလို အဲ့ဒီကောင်တွေက သူ့ဆီ သေနတ်နဲ့တောင် ချိန်မလာနိုင်ခဲ့ဘူး ။

ဒါများ စောစောစီးစီး သူ့ကို ခွဲခန်းထဲ လွှတ်ပေးလိုက်ရင် လူနာကို ကယ်တာ လွယ်သွားမှာစိုးလို့ ။ ခွဲခန်းထဲကို မဝင်ခင် ရန်ဖြစ်လိုက်ရတာအတွက် ခွဲစိတ်ဆရာဝန် ဒေါက်တာနာဂျယ်မင်းရဲ့ စိတ်ကတော့ ကြည်မနေခဲ့တော့ဘူး ။

တစ်ဖက်မှာတော့ ခွဲခန်းထဲကို ဝတ်စုံပြည့်နဲ့ ဝင်သွားတဲ့ ဆရာဝန်ရဲ့ နောက်ကျောကို ငေးပြီး သူ့လူနာအပေါ် အပြည့်အဝ ကာကွယ်ပေးတဲ့ အပြုအမူတွေအပေါ် သဘောကျသွားတဲ့ လူတစ်ယောက်လည်း ရှိလို့ ။
သူ့အသိုင်းအဝန်းထဲမှာ ဘယ်သူကမှ မအော်ရဲတဲ့ ရာထူးနဲ့လူ သူ့ကို တစ်စက်မှ မကြောက်ဘဲ ထိပ်တိုက်တွေ့သွားတဲ့ ဆရာဝန်လေးဟာ ရန်ပြိုင်ဖြစ်နေခဲ့တဲ့ လူရဲ့ စိတ်ထဲ ဘောလုံးကလေးလို ဝင်သွားခဲ့တော့တာလည်း သူ့ဘာသာသူ သိမယ်မထင်ပါဘူး ။

________

A/N - ဒီနေ့ Fansignက ပုံတွေကြောင့် မနေနိုင်ဘဲ အပြေးလာရေးတာ 😭🙏🏻
Romantic Doctorဖန်လေး ဒွန်းနီဆိုတော့ အများကြီး inspireယူလာမှာပါ ဟိ 🤭❤️

3-5 partsပဲ ဖြစ်ပါ့မယ် ။ အရှည်ကြီးဟုတ်ဘူးးးး ဟီးဟီး

Small Doses Where stories live. Discover now