တစ်

238 58 6
                                    

" ခွဲစိတ်တာက အောင်မြင်ပါတယ် ။ နောက်ထပ် သုံးနာရီလောက်အတွင်းတော့ သတိရလာဦးမှာ မဟုတ်ဘူး ။
အခု ခင်ဗျားတို့ ခေါ်ချင်တယ်ဆိုလည်း ခေါ်သွားလိုက်လို့ရပြီ ။ တစ်ဖက်ဆေးရုံကို လွှဲချိန်အတွက် ဒီဆေးရုံက ဆရာဝန်တစ်ယောက်နဲ့ ဆေးရုံကား ထည့်ပေးမယ် "

ခွဲခန်းထဲမှာ သူကြုံခဲ့ရတဲ့ ဖိအားတွေကြောင့် ဂျယ်မင်းက နွမ်းနယ်နေတယ် ။ မလိုအပ်တဲ့ အချိန်ဆွဲမှုတွေ ကြုံခဲ့ရတာကြောင့် အထဲကလူ သေမလိုဖြစ်သွားတာကို သူ့ရှေ့ကလူတွေက ပြောလည်း နားလည်မှာမဟုတ် ။

" ကျေးဇူးတင်ပါတယ် ။ ပြီးတော့ ခုနက ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျွန်တော် အစားတောင်းပန်ပါတယ် "

အံ့ဩတာ ။ အစားတောင်းပန်ရတယ်ပဲရှိသေးတယ် ။
ဆယ်ယောက်ဝန်းကျင် ဒီနားရှိနေတဲ့ထဲ သူနဲ့ နောက်တစ်ယောက်ကပဲ ခုနက အခြေအတင်ကို ဖြစ်အောင် လုပ်တာကို ဘာမှမဆိုင်တဲ့ ကျန်တဲ့သူတွေကို ဆွဲထည့်ပြီး တောင်းပန်နေလို့ ။

" မလိုပါဘူး ။ ခင်ဗျားတို့ ဆုံးဖြတ်ပြီးရင် လက်ထောက်တာဝန်ခံ တစ်ယောက်ကို ပြောခိုင်းလိုက် ။ ပြောရရင် ကျွန်တော့်ရဲ့ နားချိန်မို့ ခွင့်ပြုပါဦး "

ဘုဆတ်ဆတ် ဆရာဝန်ကလေးက ခွဲခန်းခေါင်းစွပ်ကို ချွတ်လိုက်တော့ ဆံပင်ဖြူဖြူတွေဟာ ခေါင်းလုံးလုံးကလေးအပေါ် ဝေ့ဝဲလို့ သွားတယ် ။ လက်ချောင်းတွေ ထိုးယှက်ပစ်ချင်စရာကောင်းအောင် လှတာပဲ ။

" မခွဲခင်ကတည်းက သူ့ရဲ့နားချိန်ဖြစ်နေခဲ့တာလား"

သူက မေးတော့ လက်ထောက်တာဝန်ခံ ဆရာဝန်ဆိုတဲ့ ဒေါက်တာပတ်ခ်က ခေါင်းညိတ်တယ် ။ ဂျီဆောင်းက သူနဲ့ အိမ်နီးချင်း ညီလေးဖြစ်နေတာက ခုနက လှည့်ထွက်သွားတဲ့ ဒေါက်တာ မသိမဲ့ ကိစ္စပဲ ။

" ခုနက ခွဲခန်းရှေ့ စစ်တပ်ကလူတွေ ရောက်နေတယ်ဆိုတာ အစ်ကိုဖြစ်နေတာပဲ အစ်ကိုဂျဲနို ။ စီနီယာဂျယ်မင်း စိတ်ဆိုးနေတာ "

ဂျဲနိုက ရယ်မိတယ် ။
သူ့နောက်က လူတွေကတော့ တအံ့တဩ ။
အသက်ငယ်တဲ့ ခေါင်းဆောင်အေးဂျင့်လေးက အပြင်ကိစ္စနဲ့ ရယ်တယ်ဆိုတာ သူတို့အတွက် တစ်လနေမှ တစ်ခါ ကြုံရတဲ့ အဖြစ်ဆန်းမျိုးရယ် ။

Small Doses Where stories live. Discover now