နှစ်

214 49 6
                                    

" ရောက်ပြီလား ။ သူ့မန်နေဂျာအစ်ကို ပြန်သွားတာ ငါးမိနစ်ပဲရှိသေးတယ် ငါတောင် လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကမှ ရောက်တာ "

" အင်း အဖေ့ကိုပြောပြီး ထွက်လာတာ "

မာ့ခ်ရဲ့ ဆေးရုံကို အဝတ်အစားလဲပြီး ထွက်လာတဲ့ ဂျဲနိုက သူ့သူငယ်ချင်းနှစ်ယောက်အတွက်တော့ အထူးတဆန်း ။

" ဘာဖြစ်နေတာလဲ "

" တာဝန်ချိန်က ထွက်လာတာပေမဲ့ အဝတ်လဲလာတာက နည်းနည်း ဆေးကြောင်နေတာ မဟုတ်ဘူးလား "

ဂျဲနိုက ဟယ်ချန်းနဲ့ ပြိုင်ပြီး ရန်မဖြစ်တော့ဘဲ ခေါင်းပဲခါတော့ မာ့ခ်က ရယ်တယ် ။ ဟယ်ချန်းကလေ ဆရာဝန်ပဲ ဖြစ်နေပြီ သူတို့စုံရင် ပေါက်ကရလေးဆယ်တွေ အခုထိ ပြောတုန်း ။

" အာ ဒါနဲ့ အခုထိ ဂျယ်မင်းမလာသေးဘူးနော် ။ တာဝန်ခံဆရာဝန်က မင်းကို ပလစ်သွားပြီထင်တယ် "

ဟယ်ချန်းက မာ့ခ်ကို အဲ့ဒီလိုပြောလာတော့ မာ့ခ်က ရယ်တယ် ။ မာ့ခ်က ဆေးရုံကို ခဏခဏလာရင်းနဲ့ ဂျယ်မင်းကို သိနေတာလေ ။ ဂျဲနိုက မနေ့က မာ့ခ်ကို ညပိုင်းအထိ စောင့်ပေးပြီးမှ ပြန်သွားခဲ့တာ ။ ဟိုဆရာဝန်လေး နာဂျယ်မင်းကတော့ ဟယ်ချန်းအပြောအရ မနေ့ညက EMကနေ ဘတ်စ်ကားမှောက်လို့ဆိုပြီး လူနာတွေ စုပြုံသွားတာနဲ့ ခွဲခန်းထဲမှာပဲ ရှိနေတော့တာတဲ့ ။

" မပလစ်ပါဘူးကွာ ။ တစ်ညလုံး runပြီး မျော့နေလို့ပါ"

ဂျယ်မင်းက အခန်းဝ ရောက်နေတာကို ခုနက မသိတဲ့ ဟယ်ချန်းက ဂျယ်မင်းကို လှည့်ပြီး ရယ်ပြတယ် ။ GSတွေ ရှားတာက အတော်ဆိုးတာပဲ ။ စနောက်ပြီး ပြောတာ မဟုတ်ရအောင်ကို ဂျယ်မင်းရဲ့ မျက်နှာအရောင်ဟာ ဖျော့နေတယ် ။

" ဘယ်နှကေ့စ် ပြီးခဲ့တာလဲ "

" ဒီ accidentလား? သုံးခု "

" မင်း ဒီ တစ်ဂျူတီ "

ဟယ်ချန်းက ဂျယ်မင်းကို အဲ့ဒီလိုမေးရင်း ထိုင်စရာနေရာပေးတော့ ဂျယ်မင်းက ပြုံးတယ် ။ ပြီးတော့ ဂျဲနိုကိုလည်း မြင်သွားပါရဲ့ ။ ထူးထူးဆန်းဆန်း ဖျော့တော့တော့ ပြုံးပြတယ် ။ ကလန်ကဆန်တွေပြောဖို့တောင် အားမရှိတဲ့ပုံနဲ့ ။

Small Doses Where stories live. Discover now