Diary - I 💫💘

364 26 6
                                    

ဂယူဗင်းက 2000ခုနှစ်ကာလတွေရဲ့တက်ကြွ‌တဲ့အထက်တန်းကျောင်းသားလူငယ်လေးတစ်ယောက်။

ရွယ်တူအတန်းဖော်သူငယ်ချင်းတွေ အထက်တန်းနောက်ဆုံးနှစ်ဆိုပြီးတက္ကသိုလ်ကိုအမှတ်ကောင်းကောင်းနဲ့တက်ရဖို့အတွက်ကြိုးစားနေတဲ့အချိန်ဂယူဗင်းကတော့ ဂိမ်းဆိုင်သွားလိုက်၊စက်ဘီးပတ်စီးလိုက်၊ဘတ်စ‌ကတ်ဘောဆော့လိုက်နဲ့ပဲအမြဲလမ်းသလားနေဖြစ်တယ်။

နောက်ပြီးမဟုတ်မခံတတ်,ဟုတ်ရင်လည်းမခံတဲ့ ဂျစ်တစ်တစ်အကျင့်ဆိုးလေးကလည်းရှိပြန်တော့ အချိုးမပြေတဲ့ကောင်တွေနဲ့တွေ့ရင် သူဆော်ကိုယ်ဆော်ပေါ့ဗျာ။

အဲ့တော့ကျောင်းရဲ့ဆိုးသွမ်းနေတဲ့လူငယ်လေးဆိုပြီးလည်းနာမည်ကြီးသေးတာပေါ့။တကယ်ကဂယူဗင်းကနည်းနည်းလေးဘဲ...တကယ်နည်းနည်းလေးမှနည်းနည်းလေးဘဲရန်‌လေးဖြစ်တာကို ဆရာရော အတန်း‌ထဲကလူတွေရောကအစ *လူမိုက်ကောင်*ဆိုပြီးနာမည်တပ်ကြတော့တာဘဲ။

တစ်ချို့မိန်းကလေးတွေများဆို သူ့ကိုမြင်တာနဲ့မတူသလိုမတန်သလို *သူကအရိုင်းစိုင်းကောင်*ဆိုပြီးရှောင်ကြသေးတယ်။သူတို့ရှောင်လည်းဂယူဗင်းကတော့ဂရုမစိုက်ပါဘူး။

ဒီကမ္ဘာမှာကင်ဂယူဗင်းဂရုစိုက်တဲ့တစ်ယောက်သောသူဆိုလို့ သူ့ရဲ့ငယ်သူငယ်ချင်းလေးရှန်ချွမ်းရွေ့တစ်ယောက်ဘဲရှိတယ်။အယ်...သူငယ်ချင်းဆိုပေမယ့် ဂယူဗင်းဘက်ကတော့သူငယ်ချင်းစည်းထပ်နည်းနည်းလေးပိုတာပေါ့။

ငယ်ငယ်ထဲက ဂယူဗင်းကဘယ်သူ့စကားကိုမှနားမထောင်တတ်သလို...ဘွားဘွားကသူ့ကိုဆူရင်တောင်ပြန်ခံပြောတတ်တဲ့လူမျိုး။ဒါပေမယ့် ဂယူဗင်းတို့လမ်းထိပ်ကခြံကိုပြောင်းလာတဲ့ တရုတ်သေးသေးလေးရဲ့စကားဆိုရင်တော့ပြန်ခံပြောဖို့မပြောနဲ့ ဂယူဗင်းရေ ဆိုတာနဲ့ ချွမ်းရွေ့ရှေ့အရောက် အသင့်ရေခပ်ပြီးပို့ပေးမယ့်လူမျိုးလေးလေ။

အသက်ကြီးလာမှလမ်းသလားတတ်တာမဟုတ်ဘဲ၈နှစ်သားအရွယ်ထဲကဂယူဗင်းကရပ်ကွက်ထဲပတ်ပြီးဆော့နေကြမို့ ရပ်ကွက်ထဲမှာသူနဲ့တူတူမကစားဘူးတဲ့ကလေးဆိုတာမရှိ။ဆော့နေကြသူငယ်ချင်းတွေသာပြောင်းသွားမယ် သူကတော့ပင်တိုင်စံကစားတဲ့သူ။

BeST  FRIEND Where stories live. Discover now