Dairy II 💫<Ricky pov'>

198 38 3
                                    

"ကိုကို"

ဒီနေ့ကဘွဲ့ယူတဲ့နေ့မို့ ချွမ်းရွေ့သူငယ်ချင်းတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ကူးနေတုန်းကြားလိုက်ရတဲ့အသံဆာဆာကြောင့်နောက်ကိုလှည့်မကြည့်လည်း ဘယ်သူဆိုတာသူသိတယ်။

"ကိုကို့အတွက်ဂုဏ်ပြုပန်းစည်း"

သူ့ဆီထိုးပေးလာတဲ့ပန်းစည်းကို ချွမ်းရွေ့လက်မခံချင်ပေမယ့်လည်းလက်ခံလိုက်ရပြန်တယ်။

"မားရော"

"မားမားနဲ့သားကကျောင်းရှေ့ကရေခဲမုန့်ကားမှာကျန်ခဲ့တယ်...သူ့မြေးကရေခဲမုန့်စားချင်တယ်ပူဆာလို့၀ယ်ကျွေးလေရဲ့"

ချွမ်းရွေ့ခေါင်းသာညိမ့်ပြပြီး သက်ပြင်းချရုံဘဲရှိတယ်။မားမားက ချွမ်းရွေ့တုန်းကထက်တောင်သူ့မြေးကိုပိုချစ်နေသလိုဘဲ။သည်းသည်းလှုပ်လိုက်တာမှလည်းပြောမနေနဲ့တော့။

"ကိုကို ဓာတ်ပုံတူတူရိုက်ရအောင်"

"မား တို့အားလုံးရောက်လာမှစုရိုက်မယ်လေ"

"ဘာလို့လဲနှစ်ယောက်ပုံအရင်ရိုက်မယ်လေ...လာပါဆို"

"မရိုက်ချင်ဘူးဆို ဘယ်လိုဖြစ်နေတာလဲ"

"ကိုကိုနော်!"

"ဒီမောင်နှမဘာဖြစ်ရပြန်တာလဲ"

မားမားကအနားကိုရောက်လာတော့ ရှန်ရှင်းရီကအားကိုးတစ်ခုရသွားသလို မားကိုအတင်းပြေးပြီးကပ်တယ်။

"မား ရှင်းရီကို ကိုကိုအနိုင်ကျင့်နေပြန်ပြီ"

ချွမ်းရွေ့ကိုလက်ညိုးထိုးပြီးမဟုတ်တမ်းတရားတွေပြောနေတဲ့ ညီမဖြစ်သူကိုသွားသာရိုက်ပစ်ချင်တယ်။လူကဖြင့် ကလေးတစ်ယောက်အမေတောင်ဖြစ်နေပြီဟာကိုခုထိ သူ့ကိုယ်သူတစ်အိမ်လုံးရဲ့အငယ်ဆုံးပုံစံ‌ဖမ်းချင်နေတုန်း။

"လေးလေး .... သားသား မားမားကိုမပြောနဲ့"

စကားတတ်လွန်းတဲ့တူလေးကပါချွမ်းရွေ့ကိုသူ့အမေဘက်ကနေရန်ကူဖြစ်ပေးနေတာကြည့်ပြီးချွမ်းရွေ့မှာရယ်ရခက်၊ငိုရခက်။

"ရန်ဖြစ်မနေကြနဲ့တော့...အမှတ်တရဓာတ်ပုံရိုက်မယ် ရွေ့ရွေ့သားကလည်းညီမလေးကိုလူကြားထဲလိုက်ဆူမနေနဲ့"

BeST  FRIEND Where stories live. Discover now