Chapter(57)💛

63 5 0
                                    

“မင်းရဲ့အနေအထားနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ပထမဆုံးမျှော်စင်ကငါ့လက်ထဲကိုရောက်လာလိမ့်မယ်။ပြီးတော့အဲ့ဒီမှာချုပ်နှောင်ခံထားရသူအားလုံးလွတ်မြောက်စေရမယ်.........နန်းဆက်ထည်ဝါ"

"မင်းက သိပ်ပြီးစိတ်ကူးယဉ်လွန်းတာပဲ။မင်းဆန္ဒအတိုင်းဖြစ်သွားစေဖို့ ငါကခွင့်ပြုပေးလိမ့်မယ်ထင်သလားဇိန်း။မမျှော်လင့်နဲ့"

"ဒါကမျှော်လင့်ရုံကိစ္စမဟုတ်ဘူး။လက်တွေ့အကောင်အထည်ဖော်တော့မှာ။ငါဘာလုပ်နိုင်သလဲဆိုတာနမူနာလေးပြပေးရတာပေါ့"

ဇိန်းသည်သူ၏လက်ဖဝါးကိုဖြန့်လိုက်သည်။ထို့နောက် မန္တာန်တစ်ခုကိုရွတ်ဆို၍ လက်ဖဝါးကိုဆုပ်ချေလိုက်သောအခါ နန်းဆက်သည်ထိုနေရာတွင်ဒူးထောက်ကျသွားသည်အထိ နာကျင်ခံစားလိုက်ရသည်။

"မင်းကိုဖျက်ဆီးပစ်လိုက်ဖို့အင်အားတွေ ငါ့မှာလုံလုံလောက်လောက်ရှိနေပြီ။မင်းငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး နန်းဆက်ထည်ဝါ"

"ဘာ့ကြောင့်လဲဇိန်း။မင်းက ဘာကြောင့်ဒီလောက်အထိ အင်အားကြီးလာရတာလဲ"

"ငါ့ကိုအင်အားကြီးစေဖို့ကူညီပေးနေတာ မင်းကိုယ်တိုင်ပါပဲ"

"ဘာကိုဆိုလိုတာလဲ"

"အဲ့ဒီသစ်ပင်ကိုမင်းရဲ့သွေးတွေတိုက်လိုက်တိုင်း သက်တန့်အသက်ဆက်ရှင်နိုင်သလို ငါ့ကိုလည်းစွမ်းအားတွေပိုင်ဆိုင်စေတယ်လေ"

"မင်း......မင်း........"

"မင်းမသိတာလား.......တုံးလိုက်တာ နန်းဆက်ထည်ဝါ။ငါကအကျိုးအမြတ်မရှိဘဲ ဘာကိုမှမလုပ်တတ်ဘူးဆိုတာ မင်းမသိတာညံ့ဖျင်းလွန်းတာပေါ့"

"မင်းသိပ်ယုတ်မာတယ်ဇိန်း။ဟုတ်တယ်.....မင်းအကြောင်းသိရဲ့သားနဲ့ခံလိုက်ရတာ ငါညံ့ဖျင်းလွန်းလို့"

"သနားစရာ နန်းဆက်ထည်ဝါပါလား။ငါ့ရဲ့ရည်ရွယ်ချက်တွေပြည့်ဝလာတဲ့အခါ မင်းဂရုစိုက်စောင့်ရှောက်ခဲ့သမျှအရာရာကပျက်ဆီးသွားမှာ။အဲ့ဒါကို မင်းရဲ့မျက်လုံး‌တွေနဲ့သေချာမြင်တွေ့စေဖို့ငါကြိုးစားပေးမယ်"

"ငါက မင်းလုပ်ရပ်ကိုရအောင်တားဆီးမှာဇိန်း"

"လွယ်မယ်ထင်ရင်ကြိုးစားကြည့်ပေါ့ နန်းဆက်ထည်ဝါ"

LET ME OWN YOU...!!RAINBOW TOWER💛Where stories live. Discover now