Chapter 3

93 4 0
                                    

အဲ့အချိန်မှာပဲ
BMW အနီရောင်လေးက ရောက်လာတယ်

(ဒီလိုကားလေးပေါ့နော် မြင်လွယ်အောင်ပြထားတာပါ)

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

(ဒီလိုကားလေးပေါ့နော် မြင်လွယ်အောင်ပြထားတာပါ)

ထုံးစံအတိုင်းပဲ ဘယ်သူလဲတော့ပြောမနေတော့ပါဘူး။ဘယ်သူရှိမလဲ  သူပဲပေါ့ ရွှေအိန္ဒြာ....။

ရုပ်ချောပီး အဆင့်အတန်းရှိတဲ့ မိန်းကလေး ပထမနှစ်ကော ဒုတိယနှစ်ကော  Queen ပေါ့ ဒါပေမဲ့ သူ့မှာ အကျင့်ဆိုးတခုတော့ရှိတယ်

တခုခုကို မျက်စိကျသွားရင် လိုချင်တာကို ရအောင်ယူတက်တဲ့ သူ

ရုပ်ချောတာနဲ့မလိုက်အောင်လို့ကို ယဉ်ကျေးမှုဆိုတာမရှိ။သူ့မှာ သင်ပြပေးမယ့် အမေမရှိတော့ပါ ဒါကြောင့် ယဉ်ကျေးမှုဆိုတာ သူနဲ့မအက်စပ်တဲ့အရာလို့ ခံယူထားတဲ့သူ။

သူမ၏ဖခင်  Cj စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီး။Cj လုပ်ငန်းစုသည် အပြိုင်အဆိုင်လည်းများသလို မျက်စိကျဖွယ်လည်းဖြစ်သည်။နေ့ရောညပါ အလုပ်လုပ်သဖြင့် သမီးဖြစ်သူကို မကြည့်နိုင်ရှာ။

"ဟိတ်ဟျောင်ရေ ဟိုမှာ ငါ့ Queen လေးကြွလာပီကွ"

"ဘာကိုငါ့ Queen လဲ ဟိတ်ဟျောင် အဲ့တာ ငါ့နတ်သမီးလေးကွ"

ဆိုပီး အခြေအတင်များခါနီး ထိုကျောင်းသားအုပ်စုကို စိတ်ပျက်စွာ မျက်စောင်းထိုး ကြည့်လိုက်တဲ့ အိန္ဒြာ။

ထိုအခါမှ ကျောင်းသားတွေလည်း လန့်ပီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့တယ်
"ကျစ် အာရုံတွေပဲ"
ဆိုပီး ကျွန်မတို့အုပ်စုဘက်ဆီ လျှောက်လာပါတယ်

တလောကလုံးက သူ့လုပ်စာထိုင်စားနေရတဲ့ မျက်နှာနဲ့ ကျွန်မကိုကြည့်လာပီး
"မတွေ့ရတာတောင်ကြာပီနော် ဟေမာ"ဆိုပီး မဲ့ပြုံးဖြင့် အသက်မပါသော စကားဆိုလာတယ်

I Fell In Love At First Sight Donde viven las historias. Descúbrelo ahora