Final

257 29 12
                                    


✶ 2 years time slip ✶

" လက်ထောက်ဂွမ် ဒီ project ကို အစအဆုံးပြန်လုပ်ပြီး ပြန်တင်ပေး"

" ဘာပြဿနာရှိလို့လဲ အဖွဲ့မှူး"

" design နဲ့ budget ကို အဓိက ပြန်ညှိကြည့်။ ပိုသုံးလို့ရနိုင်တဲ့နေရာတွေရှိတယ်။"

ဆွန်းယောင်းရဲ့ အလုပ်ခွင်ကို ဆွန်းယောင်းထက် ရာထူးကြီးတဲ့ နေရာကနေ နောက်မှ ရောက်လာရတဲ့အတွက် ဝန်းနူအနေဖြင့် တော်တော်လေးတော့ ကြပ်တည်းရသည်။

ထို့အပြင် အလုပ်ကလူတွေကြားမှာလည်း ဆွန်းယောင်းနဲ့ ဆက်ဆံရေးဟာ လျှို့ဝှက်ချက်။

တွဲပြီး တစ်နှစ်အကြာတော့ ဘွဲ့လည်း အတူတူယူခဲ့ပြီး ချစ်သူသက်တမ်း နှစ်နှစ်မျှမှာ ဒီလို ပုန်းလျှိုးကွယ်လျှိုး တွဲခုတ်ရတာကို စိတ်ထင့်သလို ဆွန်းယောင်းရဲ့ အကြံပြုချက်ဆိုတော့ မငြင်းနိုင်ခဲ့။

ထိုအကြံပြုချက်ရဲ့ ရည်ရွယ်ချက်ကို အတွေးလွန်ကာ စဉ်းစားနေမိတဲ့ ဝန်းနူမှာလည်း ကျန်းမာရေးအတွက် ကောင်းမွန်သော အတွေးလွန်ခြင်းတွေ မဟုတ်ချေ။

အရာအားလုံးထက်အဆိုးဆုံးကတော့ အထက်တန်းနှစ်တွေက ဂျွန်ဝန်းနူရဲ့ သိမ်ငယ်မှူတွေဟာ တရိပ်ရိပ်ပြန်လှိူက်တက်နေသည့်အဖြစ်။

အကြောင်းကား ဤသို့။

တက္ကသိုလ်မှာ အတန်းတက်ရသည်ရော စာလေ့လာရသည့်ပုံစံတွေရောက ကိုယ့်သီးသန့်ကွဲထွက်နေရသလိုဖြစ်တာကြောင့် ဆွန်းယောင်းအနားကို ချည်းကပ်ရဲခဲ့ပြီး အပိုင်ရနိုင်လိုက်ပေမဲ့ အထက်တန်းနှစ်တွေ တောက်လျှောက် အဝေးက ကြည့်ခဲ့ရခြင်းမှာ ဆွန်းယောင်းရဲ့ ပတ်လည်မှာ ရှိနေသော အမျိုးမျိုး အဖုံဖုံလူတွေကြောင့်။

အဲ့ဒီလူတွေလောက် ဝန်းနူမှာ အရေးမပါအရာမရောက်မှာစိုးသည့်စိတ်နှင့် မချည်းကပ်ရဲခဲ့သလို အခုလုပ်ငန်းခွင်မှာလည်း ဆွန်းယောင်းက အရောတဝင်နေတတ်လွန်းနေသည့်အခါ ဝန်းနူတစ်ယောက် အလုပ်ဧရိယာထဲတွင် ဆွန်းယောင်းအပေါ် ချစ်သူတစ်ယောက်လို မဆက်ဆံတတ်တော့ချေ။

ဖုံးကွယ်ထားတယ်ဆိုရင်တောင် ကျန်ရှိနေသင့်သေးတဲ့ နူးညံ့မှူတွေပါ အကုန်ပျောက်ပြီး နိုင်စားတာမဟုတ်ရင်တောင် အေးတိအေးစက်။

love & letters [soonwoo]✔️Where stories live. Discover now