Ep 8. story

169 8 1
                                    

အေးမြကာ ဖျောက်စိပ်ရိပ်များလွှမ်းမိုးထားသည့်ခြံဝန်းလေးထဲသို့ ဦးတည်လာသောဆိုင်ကယ်လေးတစ်စီး။ပြောလို့ပြောတာမဟုပ် အိမ်လေးနှင့်ခြံဝန်းလေးက အလွန်အေးမြကာ မြင့်မားကာထွားကြိုင်းလှသော သစ်ပင်အိုကြီးကြောင့် ခြံဝန်းလေးဟာနေချင်စဖွယ်။ခြံထဲသို့ဝင်ကာ အိမ်ရှေ့သို့ ရောက်သည်နဲ့ ထုံးစံအတိုင်း ဟွန်းတီးလျှက် ။

*တီ.. တီ* (ဆိုင်ကယ်ဟွန်းတီးသံ)

ထိုစဥ်အိမ်ထဲမှ ဒေါ်မြသက်ချိုထွက်လာကာ..

"ဪ သား ကောင်းမင်း လာလေအိမ်ထဲ"

"မေချို လင်းသက်နိုးပီလား"

"အမလေး မင်းညီလား ဒီချိန်နိုးမယ်၊ အလုပ်ပိတ်ရက်ဆိုလို့ကတော့ ကာလနကားဝင်ပူးသလား အောင့်မေ့ရတယ် ၊ သွားနှိုးလိုက်အုန်း မင်းညီကို"

"ဟုပ် မေချို"

ဟုပ်သည် ဒီနေ့က Sunday မို့ အလုပ်ပိတ်ရက်ဖြစ်သည်။ Sundayတိုင်း ရုံးပိတ်ပေးသည်မို့ တစ်ပတ်မှာ တစ်ခါပဲ နားရသည့် တစ်ရက်လေးကို ကောင်းကောင်းအသုံးချကာ အပြည့်အဝအနားယူလျှက်အိပ်နေသည်မှာ ဆင်နင်းသွားတာတောင် မသိမဲ့အထဲ လင်းသက်မဟာတို့က ထိပ်ဆုံး စားရင်းဝင်ဖြစ်လိမ့်မည်။ အအိပ်နှင့်အစား အငှားလိုက်သည်လို့တောင် ဆိုင်းဘုတ်ထောင်လို့ရနေလောက်ပီ။ အအိပ်ပုတ်တဲ့ ကာလနကားတို့တော့ ဒီနေ့အပြင်သွားမယ်လို့ အတူတိုင်ပင်ထားတာကို မေ့သွားပီး အိပ်နေသည်ထင်။ အသက်ငယ်ငယ်နဲ့ မေ့တက်တာလဲ2ယောက်မရှိ။

'ဒေါက်  ဒေါက်  ဒေါက်'

တံခါးခေါက်သော်လည်း အထဲမှမည်သို့ပင်တုံ့ပြန်မှု့မကြား။ တံခါးကို သုံးချက်ခေါက်ပြီးသည်နှင့် အသာဖွင့်၍ ဝင်သွားလိုက်ရာ..

"ဘုရားရေ..... !"

မြင်လိုက်ရသည့်မြင်ကွင်းတို့မှာ ကောင်းမင်းတည် တစ်ယောက် အလန့်တကြားဖြင့် ဘုရားတလျှက် ။အိပ်နေသူကတော့ ဘလိုနေမလဲမသိ၊ မြင်ရတဲ့သူကတော့ မျက်လုံးပြူးမျက်ဆံပြူးနှင့်အလန့်တကြားဖြစ်ကာ။ လင်းသက်တစ်ယောက် အိပ်နေပုံမှာ ကုတင်ပေါ်တွင် ကန့်လန့်ပြက်အနေထားသို့အိပ်နေကာ ကိုယ်လုံးအောက်ပိုင်းနဲ့ဂုတ်စပ်နားထိသာကုတင်ပေါ်တွင်ဖြစ်၍ ခေါင်းကတော့ ကုတင်အောက်သို့တန်းလန်းချကာ လက်နှစ်ဖက်ကိုလဲ လွတ်လွတ်လပ်လပ်ဖြင့် ဘေးသို့ ကားချထားလျှက် ခြေထောက်နှစ်ဖက်ကတော့ ဖားပုံသဏာန်ကွေးထားကာ သူ့အပေါ်တွင်ဖက်လုံးတစ်လုံးအားတင်ထားသေးသည်။

Last Light. ( un + Zawgyi )Where stories live. Discover now