WKW - 1

292 49 4
                                    

Unicode

အချစ်ဆိုတာဘာလဲ လို့ တစ်ယောက်ယောက်ကလာမေးရင်
ငွေနဲ့အလဲအထပ်လုပ်တဲ့ တစ်ညတာသာယာခြင်းလို့
Hyunjin ပြန်ဖြေပါမည်။

လူတွေ အချစ်ကိုရှာရတဲ့ အကြောင်းအရင်းက
ပျော်ရွှင်မှုကို လိုချင်လို့ဖြစ်တယ်။ သူ့အတွက်တော့
အဲဒီပျော်ရွှင်မှုက သာယာမှုတွေက စီးဆင်းတယ်။
ဒါကြောင့် အချစ်ကို သာယာခြင်းလို့ သူကတော့
လွယ်လွယ်ခေါင်းစဥ်တပ်လိုပါတယ်။

ဟိုတစ်စဒီတစ်စ တွေ့ရှိနိုင်တဲ့ တရားမဝင်ကလပ်တွေမှာ
ငွေအထပ်လိုက်ပေးနိုင်ရင် အချစ်ဟာ သူ့လက်ထဲကို
အချိန်မရွေး ရောက်လာနိုင်တယ်။ သူ့ကို မက်မောတဲ့
မျက်ဝန်းတွေနဲ့ကြည့်လာပြီး အားလုံးက သူ့စိတ်တိုင်းကျ
ပြုမူကြတယ်။

အဲဒီအချိန်မှာလေ အဲဒီသူရဲ့မျက်ဝန်းမှာ
သူက သိပ်တန်ဖိုးကြီးတဲ့ ဖြစ်တည်မှုတစ်ခုလို
ထင်ဟပ်နေတယ်။

အဲဒီလိုမြင်ရတဲ့ အဲဒီခံစားချက်ကို Hyunjin
သိပ်ကြိုက်ပါတယ်။

"Sam ကတော့ ဘယ်တော့မှ စိတ်မပျက်စေရဘူး။
အမြဲတမ်း ပစ္စည်းကောင်းတွေချည်းပဲ"

သူပေးလိုက်တဲ့ အနက်ရောင်သေတ္တာ ခပ်သေးသေးထဲက
အဖြူရောင်ပစ္စည်းလေးတွေကို ဖွင့်စစ်ပြီးတဲ့နောက်မှာ
Jimmy က ကျေနပ်စွာ ဆိုလာခဲ့တယ်။ ထို့နောက်
အဖိုးအခအနေနဲ့ ရွှေတုံးတစ်တုံးကို သူ့ရှေ့ ချပေးလာတယ်။

Hyunjin မျက်စပစ်ပြလိုက်တော့ Han က
အဲဒီရွှေတုံးကို ပါလာတဲ့အိတ်ထဲ သိမ်းလိုက်တယ်။
အလဲအထပ်က ဒီလိုနဲ့ အောင်မြင်သွားပြန်တယ်။

"မပြန်ပါနဲ့ဦး။ Sam အတွက် အပိုလက်ဆောင်လေး ပြင်ထားသေးတယ်"

Jimmy ရဲ့ လက်ဖြောက်တစ်ချက်မှာ အခန်းထဲကို
ခပ်ငယ်ငယ်ချောချော မိန်းကလေးတစ်ယောက်
ဝင်လာတယ်။

အရိုင်းဆန်တဲ့ ကြက်သွေးရောင် ဝတ်စုံလေးရယ်၊ ခပ်မှိုင်းမှိုင်းမိတ်ကပ်ရယ်။ ကြည့်တစ်ချက်က အခန်းထဲက ပုရိသတွေအကုန်လုံးကို ဆွဲဆောင်နိုင်တဲ့အထိ ပြင်းတယ်။

ထိုမိန်းကလေးက ငေးနေတဲ့သူတွေကို ကျော်ပြီး
သူ့ဘေးမှာ လာထိုင်တယ်။ နီးကပ်လွန်းတဲ့
အနေအထိုင်က ခြေတံဖြူသွယ်သွယ်က
အနက်ရောင်သူ့ဘောင်းဘီရှည်ပေါ် လာယှက်သည်အထိ။

Who Kills WhoWhere stories live. Discover now