WKW - 2

157 39 2
                                    

Unicode

တစ်ပတ်တာရဲ့ပင်ပန်းမှု၊ စနေနေ့ မနက်စောစောထစရာ
မလိုခြင်းတို့ကြောင့် သောကြာညမှာ ကလပ်ဟာ
လူအစည်ဆုံး ဖြစ်နေတတ်သည်။

Hyunjin လက်ထဲရှိ ဘီယာခွက်ထဲမှ ရေခဲလေးတွေက
ခွက်ကို ဝှေ့နေခြင်းကြောင့် ဘယ်ကပ်လိုက်၊ ညာကပ်လိုက်။
သူ့အာရုံတွေက ဘီယာခွက်မှာ ရှိမနေသလို ဘေးမှာရှိနေတဲ့
ကောင်မလေးဆီမှာလည်း ယောင်လို့တောင် သွားမကပ်ဘူး။
ကမ်းမကပ်တဲ့ လှေတစ်စင်းလို အတွေးပင်လယ်မှာသာ
ဟိုမျောဒီမျော လွင့်နေခဲ့သည်။

"Sam.."

တတိယအကြိမ်ခေါ်ရတဲ့အခါ ကောင်မလေးက
စိတ်သိပ်မရှည်ချင်တော့ဘူး။ သူရောက်လာကတည်းက
တစ်ချက်လှည့်မကြည့်ဘဲ တစ်ခုခုကိုတွေးနေဟန်နဲ့
တောက်လျှောက်ငိုင်နေတာ။ အဲဒီလို သူ့အပေါ်
စိတ်ဝင်တစားမရှိခြင်းက မာနတော့ နည်းနည်းထိသည်။

ဒါပေမဲ့ ကလပ်ကို လာနေကျဖြစ်တဲ့အပြင် Sam ဖြစ်နေတာကြောင့် ငြိုငြင်မှုကို အတင်းဖုံးထားရသည်။

"Sam..."

စတုတ္တအကြိမ်ခေါ်ဆိုခြင်းမှာ မေးဖျားလေးကိုပါ
လက်ချောင်းလေးတွေနဲ့ အသာတို့ထိလိုက်သည်။
ထိုအခါမှ Sam ဟာ အတွေးကမ္ဘာထဲမှထွက်ကာ
လှည့်ကြည့်လာပါသည်။

"ထွက်သွားပေး ။ စိတ်မပါတော့ဘူး"

မာနထိခိုက်ခြင်းက နှစ်ဆပိုသွားရသည်။
ထို့ကြောင့် လက်သွယ်သွယ်လေးတွေက ကျစ်ကျစ်ပါတဲ့ လက်သီးဆုပ်လေးတွေအဖြစ် ကူးပြောင်းသွားကြပေမဲ့
တစ်ခုခုပြန်ပြောဖို့ကိုတော့ သူမ မရဲဘူး။ ဒါကြောင့်
နောက်ဆုံးမှာတော့ Sam ပြောတဲ့အတိုင်း ထွက်သွားရုံသာ
တတ်နိုင်ခဲ့သည်။

ဒေါက်ဖိနပ်သံ ခပ်စူးစူးကလေး ပျောက်ကွယ်သွားတဲ့အခါ
ခွက်ထဲကဘီယာတွေကို အကုန်မော့လိုက်ပြီး ဆိုဖာနောက်ကို
ခေါင်းမှီချလိုက်သည်။

အတွေးတွေ ဝေ့နေသည်။

စိတ်ပြေလက်ပျောက် ကလပ်ကိုလာခဲ့ပေမဲ့
သူ ဘာကိုမှ စိတ်ပါမနေဘူး။ အဲဒီအစား သူ့စိတ်တွေက
အညိုရောင်လေးဆီမှာပဲ ကပ်စွဲနေသည်။

Who Kills WhoOnde histórias criam vida. Descubra agora