WKW - 5

168 35 3
                                    

Unicode

"Ryu Inseong နေခဲ့တဲ့ မိဘမဲ့ဂေဟာနဲ့ အဆက်အသွယ်ရပြီ။
ငါ ဒီညပဲ အဲဒီကို လိုက်သွားလိုက်မယ်"

"Hyung ဟိုလေ..."

လည်ပင်းအနောက်ဘက်ကို တကုတ်ကုတ်လုပ်နေတဲ့
Jeongin က တစ်ခုခုကို ပြောရခက်နေသည့်ပုံပင်။

"ဘာဖြစ်လို့လဲ"

"လူကြီးခရီးစဥ်ရှိလို့ စခန်းက ကားတွေရော၊ လူအင်အားရော ညနေကပဲ ပါသွားတယ်။ သန်ဘက်ခါမှ ပြန်ရောက်မယ်တဲ့"

စုတ်သပ်သံတစ်ချက်က Seungmin ရဲ့ စိတ်ရှုပ်မှုကို ဖော်ပြနေသည်။ အချိန်ဆွဲလို့ အဆင်မပြေတဲ့၊ အလျင်လိုနေတဲ့ အချိန်ကျမှ ဒါမျိုး လာကြုံရသည်လို့။

"သန်ဘက်ခါမှသွားရင် သူ့ရုံးချိန်းကို ဘယ်မီတော့မလဲ"

Seungmin အတွေးကျပ်သွားရသည်။
သန်ဘက်ခါကို စောင့်နေလို့ မဖြစ်သလို၊ သွားရမယ့်နေရာက နည်းနည်းလှမ်းပြီး ကား၊ရထားလည်း သိပ်မပေါက်သည်ကြောင့် သေချာပေါက် ကိုယ့်အစီအစဥ်နဲ့ကိုယ်သွားမှဖြစ်မည့်နေရာ ဖြစ်သည်။ လက်လျှော့ရခါနီးမှ ပေါ်လာတဲ့ မျှော်လင့်ချက်လေးကို ထပ်လက်လွှတ်လိုက်ဖို့ကိုလည်း သူ မရွေးချင်ပါ။

သူ မသတ်ခဲ့ကြောင်း မျက်ရည်များဖြင့် ခေါင်းပဲခါနေခဲ့တဲ့ မျက်လုံးဝိုင်းလေးများက လစ်လျူရှုခံရဖို့အတွက် သိပ်သနားစရာ ကောင်းလွန်းနေသည်။

"Sam ကို အကူအညီတောင်းကြည့်ရင်ရော?"

Jeongin ရဲ့ အကြံပေးချက်ကြောင့် Seungmin လှည့်ကြည့်လာပေမဲ့ တွေဝေခြင်းတွေက Seungmin မျက်နှာပေါ်မှာ သိသာစွာ ထင်ဟပ်နေဆဲဖြစ်သည်။

"Sam က ပြီးပြည့်စုံတဲ့ လူကောင်းတစ်ယောက်တော့ မဟုတ်ပေမဲ့
Hyung ကိုတော့ တကယ်သဘောကျနေတဲ့ပုံပါ။ ကျွန်တော် ဒီမြို့ကို ရောက်လာတာကြာပြီ။ Hyung အပေါ်ဆက်ဆံသလို Sam က ဘယ်သူ့ကိုမှ မဆက်ဆံခဲ့ဖူးဘူး"

Jeongin ရဲ့ ထောက်ပြချက်ကို သူနားလည်သလို မှန်ကြောင်းလည်း သိပါသည်။ ဒီအတောအတွင်း သူစုံစမ်းခဲ့ရသမျှမှာ Sam အရင်က အခြားတစ်ယောက်ကို ဒီလောက်အားထုတ်ပြီး ချဥ်းကပ်ခဲ့တာမျိုး ရှိခဲ့ဖူးတယ်လို့ ယောင်လို့တောင်မှ မကြားခဲ့ရပါ။

Who Kills WhoWhere stories live. Discover now