🏹 - 2

550 70 12
                                    


ဆော့ဂျင် အဖိုးရှိသည့်ရွာလေးသို့သူ၏လက်စွဲတော်မြင်းဖြူလေးနှင့်အတူရောက်လာခဲ့တော့သည်။
သူ အဖိုး၏တဲအိမ်အရှေ့လေးသို့ရောက်တော့ မြင်းပေါ်ကနေဆင်းလိုက်ကာ အော်ခေါ်လိုက်တော့သည်။

" အဖိုးရေ.....အဖိုး..."

သူအော်ခေါ်လိုက်သည်နှင့် တဲအိမ်လေးအတွင်းမှ မိန်းမပျိုလေးတစ်ဦးထွက်လာခဲ့တော့သည်။

" ယဒန်း..."

" ဟယ် ဆော့ဂျင်..."

ယဒန်းကသူ့ဆီသို့အပြေးရောက်လာတော့သည်။ မတွေ့ရသည့်ကာလတွေမှာ သူမက ရိုးရိုးရှင်းရှင်းလေးဖြင့်ပို၍သာလှလာခဲ့တော့တာပဲ....

" ဆော့ဂျင်...နင်နေနိုင်လိုက်တာ အလည်လေးတောင်ပြန်မလာခဲ့ဘူး...အဖိုးဆိုနင့်ကို အရမ်းသတိရနေတာ..."

" အဖိုးကပဲ သတိရတာလား...
နင်ကရော ငါ့ကိုမလွမ်းဘူးလား..."

ဆော့ဂျင် သူ့အရှေ့ကနေ ငိုမဲ့မဲ့လေးဖြင့်ပြောနေသည့် သူ့ငယ်သူငယ်ချင်းမလေးကို စ,နောက်လိုက်တော့သည်။ သူရောသတိမရဘဲနေမလား အချိန်ပြည့် သူဒီကိုလာနိုင်ဖို့အတွက်အမျိုးမျိုးဉာဏ်ဆင်နေခဲ့ရတာသူသာလျင်သိသည်။ အခုတောင် အိမ်ရှေ့စံက ဘာတွေများဆေးစားမှားပြီး သူ့ကိုခွင့်ပြုပေးလိုက်သည်မသိ......

" မလွမ်းပါဘူး ငါတို့ကိုပစ်ထားတဲ့သူကိုများ..."

ဆော့ဂျင် ရယ်သာနေလိုက်တော့သည်။

" နင် အသက်သာကြီးလာတယ်နော် အခုထိကလေးစိတ်မပျောက်သေးဘူးဘဲ..."

" မြေး..ဘယ်သူများလဲကွဲ့...."

သူ ယဒန်းကို စ,နေတုန်းမှာပဲ ဆေးဖော်သည့်တဲလေးထဲကနေ အဖိုးထွက်လာခဲ့တော့သည်။
အဖိုးက မျက်လုံးလေးတွေမှေးစင်းပြီး ကြည့်နေကာ ယဒန်းကိုမေးလာတော့သည်။

" ကျွန်တော်မျိုးပါ သမားတော်ဖိုးဖိုးကြီးခင်ဗျာ..."

သူအဖိုးကို စ,နောက်ရင်းဖြေလိုက်တော့ အဖိုးကသူ့အသံကိုကြားပြီး သူ့မျက်နှာကိုသေချာမြင်စေရန် အရှေ့သို့ တဖြည်းဖြည်းချင်းတိုးလာခဲ့တော့၏။

" ဟေ..လူလေး...
မြေးလေး ဆော့ဂျင်လား...."

သူအဖိုးကို ပြေးဖက်လိုက်တော့သည်။
သူဟာ ဘယ်လိုပဲ အိမ်ရှေ့စံ၏အပါးတော်မှာ အမြဲစောင့်ရှောက်ပေးနေရသည့် ကိုယ်ရံတော်ဖြစ်နေပေဦးတော့ အဖိုးနဲ့သာဆို ကလေးလေးတစ်ယောက်လိုချွဲရမှ ကျေနပ်တတ်သည့်သူဖြစ်တော့သည်။

 There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅Where stories live. Discover now