🏹 - 13

749 89 32
                                    



".......... ဟင်အချစ်..."

" အ...အချစ်??...

" အခုအဲဒါ ကျွန်တော်မျိုးကိုခေါ်လိုက်တာလား??....."

" ဒီမှာနှစ်ယောက်တည်းရှိနေတာလေကွာ
ဘယ်သူ့ကိုခေါ်တယ်ထင်နေလို့လဲ...."

ဆော့ဂျင် အံ့ဩနေသည့်မျက်ဝန်းတွေကနေ ချက်ချင်းအောက်သို့လွှဲချကာ ခေါင်းကိုငုံ့ထားလိုက်တော့သည်။ အခုသူ မင်းကြီးဆီကအနမ်းခံလိုက်ရသည့်အပြင် ထူးဆန်းသည့်အခေါ်အဝေါ်တွေပါအခေါ်ခံလိုက်ရတာဖြစ်တော့သည်။

အတော်အတန်ကြာသည်အထိ မျက်နှာပြန်မော့မလာတော့သည့်ဆော့ဂျင်ကြောင့် မင်းကြီးဂျွန်က မေးဖျားလေးကိုလက်ချောင်းလေးတွေဖြင့်ကိုင်ကာ အသာအယာမော့စေလိုက်တော့
မျက်ရည်တွေလဲ့နေသည့် မျက်ဝန်းလေးကိုတွေ့လိုက်ရတော့သည်။

" ဟင်..ဆော့ ဆော့ဂျင်....
ဘာလို့လဲဟင် ဘာလို့လဲ...ကိုယ်တော့်အပြုအမူတွေအရမ်းရဲတင်းမိသွားလို့လား ဟုတ်လားဟင်..."

ဆော့ဂျင်က သူ့လက်တွေကိုဖယ်ချကာ
ဘာတစ်ခွန်းမှပြန်မဖြေ။ မျက်ဝန်းထဲမှပြည့်နေသည့်မျက်ရည်တွေဟာ ပါးပြင်ပေါ်သို့စီးကျလာတော့သည်။

" မငိုပါနဲ့...ကိုယ်တောင်းပန်ပါတယ်နော်
ကိုယ်အရမ်းစိတ်လောသွားတယ်..
တကယ်ဆို ဆော့ဂျင်ဆန္ဒမပါဘဲ ကိုယ်က...."

" ဘာလို့မင်းကြီးကအခုလိုတွေလာလုပ်နေရတာလဲ!!..."

ဆော့ဂျင်က ဒေါသသံလေးစွက်ကာငိုသံပါလေးဖြင့်......

" ချစ်လို့ပေါ့...ကိုယ်အရမ်းချစ်လို့ပေါ့ဆော့ဂျင်ရယ်..."

" ဘယ်သူ့ကိုချစ်တာလဲ..."

" ဆော့ဂျင်ကိုပေါ့.....
ဆော့ဂျင်သာကိုယ့်ဘက်ကိုနည်းနည်းလေးမြင်သာအောင်ကြည့်ခဲ့မယ်ဆိုရင် ကိုယ့်အချစ်တွေမြင်ခဲ့ရမှာပါ..."

" ဘယ်တုန်းကချစ်ခဲ့လို့ မြင်သာခဲ့ရမှာလဲ..."

ကိုယ်ရံတော်လေးကတော့ဟုတ်နေပြီ။ နှာခေါင်းသံလေးနဲ့ကိုရန်တွေ့နေတော့တာ။ သူ့သူငပိန်းလေးဖြစ်နေခဲ့ပြီး မမြင်ခဲ့တာကို.....

" ငယ်ငယ်လေးကတည်းကပေါ့ ဟိုးငယ်ငယ်လေးကတည်းကချစ်ခဲ့ရတာ..."

" မဟုတ်ဘဲနဲ့...ဘယ်မှာချစ်ခဲ့လို့လဲ အမြဲအနိုင်ကျင့်နေခဲ့ပြီး..."

 There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅Where stories live. Discover now