အပိုင်း ၃

765 28 3
                                    

ဒီနေ့ကခြွေ့ရဲ့မွေးနေ့ပင်။မနေ့ကစျေးပတ်ဝယ်ထားလို့လားတော့မသိ ကိုယ်လက်တွေပင်နာနေသလိုခံစားနေရသည်။ဒါပေမယ့်ကိုယ့်ရဲ့မွေးနေ့ရက်မြတ်မို့လားတော့မသိပေစိတ်တွေကြည်လင်နေသည်။မနေ့ကပင်ပန်းပြီးအရမ်းအိပ်ကောင်းသွားတာကြောင့်လည်းပါလိမ့်ထင်သည်။

ဝါးးးးးးးး

ခြွေလက်နှဖက်ဆန့်ကာအပျင်းကြောဆန့်မိပြီးတချက်သမ်းဝေလိုက်မိသည်။နာရီကြည့်မိတော့မနက်၆နာရီပင်ကျော်နေပြီဖြစ်သည်။ဆုမြတ်နဲ့ချိန်းထားတာက၇ခွဲဆိုတော့အချိန်သိပ်မရတော့ပေ။အိပ်ယာမှထပြီးအိပ်ယာကိုသပ်သပ်ယပ်ယပ်သိမ်းဆည်းကာမျက်နှာသစ်ရန်ရေချိုးခန်းသို့ဝင်ပြီးရေပါတလက်စတည်းချိုးပစ်လိုက်သည်။ရေချိုးပြီးခေါင်းလျှော်ထားသောကြောင့်ခေါင်းမှပတ်ထားသော
Hair towel ကိုဖြုတ်ကာDryer ဖြင့်ဆံပင်တွေကိုခြောက်အောင်လုပ်ပြီးမျက်နှာနှင့်bodyကို skincare ကာ နှုတ်ခမ်းနီကိုပန်းဆီရောင်ဖျော့ဖျော့လေးတင်ကာskincare ခြင်းကိုအဆုံးသတ်လိုက်သည်။ခေါင်းကိုHair coat လေးလိမ်းကာဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးပြီးဘေးတဖက်တွင်ပန်းပွင့်အသေးတွေပါသောဆံညှပ်လေးတွေတွယ်ညှပ်လိုက်သည်။

"It's done.ကဲအဝတ်လဲဖို့ပဲရှိတော့တယ်။ကဲ......ဘာအကျီ ်ဝတ်ရကောင်းမလဲ"

ခြွေအဝတ်ဗီရိုရှေ့တွင်ရပ်ကာအဝတ်တွေရွေးနေမိသည်။

"ဒေါက်......ဒေါက်".....မမလေးးး မမလေးးခြွေ"

တံခါးခေါက်သံကြောင့်ခြွေတံခါးဖွင့်ပေးလိုက်တော့
မြတ်မွန်နဲ့သက်​ေဝကိုတွေ့လိုက်ရသည်။

"ဘာတွေလဲမြတ်မွန်"

မြတ်မွန်လက်ထဲမှာတွေ့လိုက်ရသောပန်းစည်းနှင့်box ကြောင့်မေးလိုက်မိသည်။သူမတချက်တစ်စုံတစ်ရာကိုသတိယသွားကာ

"ဒီနှစ်လည်းထပ်ရောက်လာပြန်ပြီလား မြတ်မွန်"

"ဟုတ်တယ်မမလေး.....Birthday cake ကမေမေကြီးသိမ်းဖို့ယူထားလိုက်တယ်...ဒါလေးတွေကိုတော့မမလေးကိုလာပေးလိုက်ပါပြောလို့"

"အေအေ လာခဲ့ ပန်းစည်းကိုအရင်ပေး"

သူမမြတ်မွန်ပေးသောပန်းစည်းကိုယူလိုက်ပြီးနမ်းပစ်လိုက်သည်။မွှေးလိုက်နော် ကျေးဇူးတင်ပါတယ် လက်ဆောင်ပို့ပေးသူရေ။
ဘယ်သူမှန်းမသိပေမယ့်ခြွေ့မွေးနေ့ရောက်တိုင်းလက်ဆောင်တွေရောက်ရောက်လာတတ်တာဒီနေ့အပါဆို ၉နှစ်တိတိရှိပြီ။

💕💕တန်ဖိုးထားပြီးချစ်ပေးမယ်💕💕Where stories live. Discover now