အပိုင်း ၆

566 16 0
                                    

အဟွန်းးးးးးး

တကယ့်အဆိုးလေးပါလား။ရာဇ်တစ်ယောက် ညက သူမလေး လုပ်ရပ်အား ပြန်ပြန်တွေးနေမိရင်းနဲ့ မထိန်းချုပ်နိုင်စွာ အသံထွက်သည်အထိ ရယ်နေမိလေသည်။မျက်နှာထက်ကအပြုံးကလည်းသကာရည် လောင်းထားသလား ထင်မှတ်နေရသည်။

"သူဠေး......သူဠေး......"

"ဘာလဲကွာ.......ဘာလို့ခေါ်နေရတာလဲ...Feel ပျက်အောင်လို့....."

ရှေ့ခန်းကစျာန်ရဲ့ခေါ်သံကြားမှအိမ်မက်ကလန့်​ဖြတ်၍နှိုးလာသူပမာထင်မှတ်ရသည့်သူ့ရဲ့
ဆောင့်ဆောင့်အောင့်အောင့်ထူးသံကြောင့်စျာန်တစ်ယောက်ရင်ထဲထိတ်သွားမိသည်။

"ကျွန်တော်ခေါ်နေတာဖြင့်....ကြာလှပြီကို...သူဠေးမှမကြားတာ"

"ဘာကိစ္စလဲ ပြော......
ဒီနေ့ ဦးဝေဠု တို့နဲ့ချိန်းထားတယ် သူဠေး...."

ဘာတွေသဘောကျနေတာလဲ.....မသိဘူးသူဌေးက
ငါ့ငယ်ထိမြွေပေါက်တော့မလားမသိ။

"ဘယ်အချိန်လဲ......"

"နေ့လည်စာစား ချိန် သူဠေး.....နေရာက
Nobito Hotel မှာ....."

"ok လေ..... ဒီနေ့တစ်နေ့တာရဲ့...
Schedule(အချိန်ဇယား)ကို ၃နာရီနောက်ပိုင်းအလွတ်ထားပေး...."

ရာဇ်ညကနောက်ကျမှအိပ်ယာဝင်သဖြင့်နည်းနည်းပင်ပန်းသလိုခံစားနေရသောကြောင့်မျက်စိမှိတ်
လက်ပိုက်ကာမှေးနေလိုက်မိသည်။

"ဟုတ်ကဲ့....သူဠေး......
ဒါနဲ့သူဠေး...ကျွန်တော် တစ်ခုလောက်မေးလို့ရမလား..."

ကားနောက်ခန်းမှာလက်ပိုက်လျက်မျက်လုံးတွေမှိတ်ပြီးမှေးကာလိုက်ပါလာတဲ့သူဠေးအားကြည့်ကာစျာန်ပြောလိုက်သည်။စျာန်သိချင်စိတ်များနေလွန်းလို့သာအရဲစွန့်ပြီးမေးရခြင်းဖြစ်သည်။

"မေးးးးးးး"

"ဟို.....သူဠေး....ကွန်ဒိုကနေစထွက်ကတည်းကလေ
လမ်းတစ်လျှောက်လုံး....ပြုံးပဲနေနေလို့.......
ဘာပျော်စရာများရှိလို့လဲ......"

"မင်းတို့ FA တွေသိစရာလား...."

"ဟာ....ဒါဆိုမမလေးနဲ့အဆင်ပြေသွားပြီလား သူဠေး.."

"စကားမများနဲ့ ဟေ့ကောင်....အချိန်တန်သိလိမ့်မယ်
ယောကျ်ားလေးဖြစ်ပြီးစပ်စုချင်စိတ်မများစမ်းနဲ့....
FA က FA လိုနေ....."

💕💕တန်ဖိုးထားပြီးချစ်ပေးမယ်💕💕Where stories live. Discover now