Part 2

164 30 20
                                    

အမှတ်တရ
ငါတို့မှာလည်း ကောင်းမွန်တဲ့အမှတ်တရတွေ
ရှိခဲ့ကြတယ်မလား။

In 2018

ထယ်ယောင်း သူ့အား ရည်းစားစကားပြောသွားတဲ့ ကောင်လေးကြောင့် ဘာရယ်မဟုတ် စိတ်ထဲ အမှတ်ရနေသည် ။ ထိုကောင်လေးရဲ့ စကားပြောပုံက ထူးဆန်းတယ်မဟုတ်လား ။ Red Flag Typeထင်ပါရဲ့ ။

"ထယ်ယောင်း နင့်ရဲ့ winter bear သီချင်းလေ view 100Kရှိတော့မယ်ဟ 2 ရက်ကျော်ပဲရှိသေးတာကို မိုက်တယ် ! "

ဘေးကနေ ဖုန်းကို ကြည့်ပြီး ဝမ်းသာအားရ ပြောလာတဲ့ ထယ်ယောင်းရဲ့ တစ်ဦးတည်းသာ သူငယ်ချင်းလေး Wendy ။ သူရဲ့ no 1. Fan girlလေးပေါ့ ။

"အင်း မိုက်တာပေါ့ "

"uni ပြီးတာနဲ့ Company နာမည်ကြီးတာနဲ့သာ ချိတ်လိုက် နင်လုံးဝ ကမ္ဘာကျော်မှာ ။ အခုတောင် ကိုယ့်ဘာသာကိုရေးပြီး supporting မရှိဘဲနဲ့တောင် နင့်ကိုကြိုက်ကြတယ်ဟ ကြားလား "

"အေးပါ wendyရာ ငါအခုလည်း သိပ်ပြီး အာရုံမစိုက်သေးပါဘူး "

"ဘာပဲဖြစ်ဖြစ် ငါသူငယ်ချင်းကြီးက ကမ္ဘာကျော် နာမည်ကြီး idolကြီး ဖြစ်ရမယ်နော် "

"ငါကြိုးစားပါ့မယ်ကွာ "

"ကျုပ်ဒီမှာ ထိုင်လို့ရမလား "

Wendyနဲ့ ရယ်မောစွာပြောနေရင်း ကြားလိုက်ရတဲ့အသံကြောင့် မော့ကြည့်လိုက်တော့ ။ ဖြူဖြူချောချောနဲ့ကောင်လေး ချောတာကတော့ ပိုးစိုးပက်စက်ပါပဲ ။ အကျီအဖြူပေါ်ကို အနက်ရောင် ဂျင်းဂျက်ကတ် နဲ့ သူ့ကို မဲ့ပြုံးပြုံးပြီး ကြည့်လာတဲ့ ကောင်လေး ။ စူးရဲတဲ့ အကြည့်နဲ့အတူ လှပတဲ့ မျက်ဝန်း

*ဒါ ဟိုနေ့က ကောင်လေး

"Yes ကျုပ်ဟိုနေ့က တစ်ယောက်ပါ "

"အာ ထယ်ယောင်း ငါသွားတော့မယ်နော် "

လှစ်ခနဲပျောက်သွားသော ဝင်ဒီ ။ ဟိုကောင်လေးက သူ့အရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်သည် ။

"ဘာလို့ အဲ့လောက် အူယားစရာကောင်းအောင်ကြည့်နေတာလဲ "

"မင်းက ဘာကိစ္စရှိလို့ လာတာလဲ "

"ကိစ္စ ? ကိစ္စက ချစ်လို့ "

အပြောရဲတင်းတဲ့ ကောင်လေးကြောင့် ထယ်ယောင်း မှာ နားရွက်ဖျားလေးတွေတောင် ရဲကုန်ပြီ ။

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now