7 Days [Intro]

153 17 0
                                    


စာဖတ်ရသည်ကိုအလွန်အမင်းနှစ်သက်သည့် လူငယ်တစ်ယောက်သည် "Cafe Grumpy" ဆိုတဲ့ ကော်ဖီဆိုင်လေး၏ ထောင့်စွန်းအကျဆုံးနေရာ၌ စာဖတ်နေသည်။

ထိုစဥ် သူရှိနေမည့်နေရာကိုသိသည့်သူ့၏ သူငယ်ချင်းတစ်ဖွဲ့မှာ ရောက်လာကြသည်။

"ဆရာသမားပဲကောင်းတယ် တစ်ပတ်နေလို့ တစ်ခေါက်တောင် ဒီသူငယ်ချင်းတွေကိုတွေ့ဖို့မစိတ်ကူးဖူး"

"မနေနိုင်လို့မင်းတို့ပဲရောက်ကြပြီမဟုတ်ဘူးလား"

ဆွန်းဟန်မှာ အခင်ဆုံးဆိုလို့ဒီသူငယ်ချင်းသုံးယောက်သာရှိသည်။ သူအပါအဝင်မှာ လေးယောက်သာရှိသော friend squadလေးပေါ့။ အထက်တန်းထိကျောင်းအတူတူတတ်ခဲ့ကြသော်လည်း အခုuni၌ သူတစ်ယောက်ထဲကွဲပြီး အနုပညာမေဂျာကိုယူထားသောကြောင့် ပုံမှန်မတွေ့ဖြစ်ကြပါ။

"ဒါပေါ့ ဒီသူငယ်ချင်းလေးကိုတွေ့ချင်တော့လည်းငါတို့ကပဲလာရတာပေါ့ကွာ"

"နေပါဦး ဂွမ်ဂျူဟျွန်း မင်းရုပ်ကဘာဖြစ်ထားတာလဲ အီးမှန်ထားတဲ့ရုပ်နဲ့"

"မေးမနေပါနဲ့တော့ဆွန်းဟန်ရာ အဲ့ကောင်လေလျှာကိုရှည်တာ သူ့ရုပ်နဲ့ဆိုမိန်းကလေးတွေဝှိုင်းဝှိုင်းလည်နေတာကို ယောင်္ကျားလေးတစ်ယောက်ကို ရည်းစားစကားသွားပြောတယ်လေ"

ကိစ္စအဝဝကိုအစဆုံးသိထားသော သူ့အကိုဂျီဟွန်းကဝင်ပြောသည်။

"ဟင် ဂျူဟျွန်း! ဘယ်လိုဖြစ်တာ"

"တော်ပါ ဟျောင်းရာ ရှက်လို့ပါဆို"

"ဒီလူဒီလူပဲရှက်စရာမှမလိိုတာ။ အကုန်လုံးရဲ့အစက ငါတို့uniက ပတ်ဝန်ဘင်းဆိုတဲ့ကောင်လေးကြောင့်ပဲ ဒီကောင်ပေါ့ သူ့ကိုသဘောကျပါတယ်ဆိုပြီး သွားဖွင့်ပြောတာ ဟိုကတစ်ကျောင်းလုံးရှေ့မှာ ငြင်းချလိုက်တာ straightစစ်စစ်ရေမရောတဲ့ ဂွမ်ဂျူဟျွန်းငါးပါးမှောက်တာပေါ့ကွာ"

"မင်းကသူ့ကိုဘာလို့သွားကြိုက်တာတုန်း" ဆွန်းဟန်နားမလည်မလိုဖြင့် ဂျူဟျွန်းကိုမေးလိုက်တော့

"သူက ငါတို့ကျောင်းမှာ နာမည်အကြီးဆုံးကောင်လေ သူကိုတစ်ကျောင်းလုံးကမိန်းကလေးတွေကလည်းကြိုက်ကြတယ် ဒါပေမယ့်သူကဘယ်မိန်းကလေးကိုမှပြန်မကြိုက်ဘူး အဲ့ဒါ..အဲ့ဒါ.."

7 Days [Complete]Where stories live. Discover now