Day - 7 [forget me not]

59 13 1
                                    


ဘယ်အချိန်ထဲက ဒီကတိတစ်ခုကငါ့ဆီမှာရှိနေခဲ့ပါလိမ့်.။မင်းကိုပဲချစ်သွားမယ်လို့လေ..။
Forget me notပန်းပြာလေးတွေကအချစ်စစ်ကတိတစ်ခုနဲ့ နောက်ဆုံးသောမှတ်ဉာဏ်တွေကို ကိုယ်စားပြုပါတယ်..။

[7 Days]

ဒီနေ့ဟာနောက်ဆုံးရက်ပဲ။
ဆွန်းဟန်တစ်ယောက် မိုးလင်းမှာကိုတကယ်မစောင့်နိုင်တာသေချာသည်၊ မနက်ခင်း3နာရီထဲကပင်နိုးနေသည်။

သူတင်မဟုတ်ပဲ ရင်ဘက်ထဲကအကောင်ကလည်း သူ့ပိုင်ရှင်ဆီက သတင်းကိုသူနဲ့ထပ်တူမျှော်နေသည်။

"မင်းလည်းမျှော်နေပြီမလား မင်းရဲ့ပိုင်ရှင်ဆီကကြားရမယ့်အဖြေကိုလေ"

ကိုယ့်ရင်ဘက်ကို ဖိထားပြီး တစ်ယောက်ထဲစကားတွေပြောနေမိပြန်သည်။

"ဒီနေ့မှ အချိန်တွေကကြာလိုက်တာကွာ"

သူ့မှာရေချိုးပြီး ပြင်ပြီးတာတောင် အခုမှ 6နာရီထိုးခါနီးရှိသေးသည်။ မြန်မြန်မရွေ့တဲ့ကမ္ဘာကြီးကိုသာကိုင်ပြီး လှည့်ပေးလိုက်ချင်သည်။

_

7နာရီထဲကပင် ကျောင်းမှာလူအတော်စုံနေပြီဖြစ်သည်၊ ကျောင်းရဲ့ဖျော်ဖြေပွဲကို အကုန်လူံးစိတ်အားထက်သန်စွာပြင်ခဲ့ကြသည်မို့ အားလုံးဟာလည်းတတ်ကျွနေကြသည်။

"ဒီနေ့ ဝန်ဘင်းရဲ့ solo stageအတွက်စိတ်လှုပ်ရှားနေလား"

"အဲ့လောက်လည်းမဟုတ်ပါဘူးဆရာရဲ့"

"မင်းကြည့်ရတာတော်တော်လေးစိတ်လှုပ်ရှားနေတဲ့ပုံကိုကွာ မညာပါနဲ့ စိတ်အေးအေးထားနော်" ကျွန်တော့်ကျောပြင်ကိုအသာအယာပုတ်ပေးပြီးတော့ ထိုသို့ပြောသွားသည်။

ကျွန်တော်စိတ်လှုပ်နေတာမှန်သည်၊ ဒါပေမယ့်ဖျော်ဖြေမှုကြောင့်မဟုတ်ပဲ ချစ်ရသူအားချစ်ကြောင်းဝန်ခံရတော့မည်ကြောင့်ဖြစ်သည်။

တစ်ဖြေးဖြေးကျောင်းဝန်းထဲသို့စုလာသောလူများနှင့်အတူ ချစ်ရသူဟာလည်း သူ့ရှေ့ကိုပန်းစည်လေးနှင့်ရောက်လာပြီဖြစ်သည်။

"ဆွန်းဟန်"

"ဝန်ဘင်းနား ဒီနေ့က ကိုယ်အဖြေရမယ့်နေ့လို့ပြောလည်းမှန်သလို မင်းကိုလိုက်တာနောက်ဆုံးရက်ဆိုလည်းဟုတ်တယ်မလား"

7 Days [Complete]Where stories live. Discover now