Day - 6 [rose]

51 12 0
                                    

တစ်နေ့ အခွင့်ရှိခဲ့ရင်
မင်းအိမ်ရှေ့တံခါးကိုခေါက်လို့ နှင်းဆီနီတွေနဲ့အတူ စကားတစ်ခွန်းကိုဆိုပါမယ်.. ကိုယ့်အပိုင်ဖြစ်ပေးမလားကွယ်။

[7 Days]

နိုးထလာသည်နှင့် ခန္ဓာကိုယ်၏ကိုက်ခဲမှူတို့ကြောင့်ဖျားနေတာကိုသိလိုက်ရသည်။ အတန်းလည်းတတ်နိုင်မည်မထင်ပါ။ ထို့ကြောင့် ခွင့်တိုင်ဖို့အတွက်ဆရာ့ကိုဖုန်းဆက်ကာ ပြောပြီး ပြန်အိပ်နေခဲ့သည်။

မနက် 11ကျော်လောက်ကျ ပြန်နိုးလာပြီး ဗိုက်ထဲမှာလည်းစစ်ဖြစ်နေသည်။

ဘာစားရမလဲတွေးရင်းနဲ့ deliveryနဲ့သာ နံရိုးပေါင်းတစ်ပွဲမှာလိုက်သည်။

လာမည့် deliveryကိုစောင့်ရင်း သတိရမိသူကတော့ ဆွန်းဟန်ပဲပေါ့။ သူသာရှိရင် ကျွန်တော့်ကို ဘယ်လောက်တောင်ဂရုစိုက်နေလိုက်မလဲ။

မေတ္တာငတ်တာနှစ်နဲ့ချီနေပြီဖြစ်တဲ့ ဝန်ဘင်းတစ်ယောက် ချစ်ရသူဆီက မေတ္တာတွေတောင်းတနေမိပြန်သည်။

အတွေးတို့နယ်ချဲ့နေစဥ်မှာပဲ bellသံကြားသည်မို့ အခန်းရှေ့ကိုထွက်ခဲ့တော့ ထင်ထားတဲ့ deliveryသမားမဟုတ်ပဲ ဆွန်းဟန်ဖြစ်နေသည်။

ဘာလဲ ကျွန်တော့်စိတ်တွေကိုဖတ်နေနိုင်ပြီလား...။

"ကိုယ်ဒီနေ့ကျောင်းကိုသွားမလို့လုပ်တာ ဒါပေမယ့်မင်းက ကျောင်းမလာဘူးတဲ့လေ အဲ့ဒါကြောင့်အိမ်ထိလိုက်လာတာ"

"ဟုတ်တယ်ဆွန်းဟန် ကျွန်တော်ဖျားနေလို့"

"မနေ့ကသရဲကားကြည့်ပြီး ကြောက်ဖျား ဖျားသွားတာလား"

"မဟုတ်ပါဘူးဗျ သူ့ပါသူအလှည့်အပတ်မသင့်လို့ဖျားတာ"

"ကိုယ့်ကိုအိမ်ထဲမခေါ်တော့ဘူးလား"

"ခေါ်ပါတယ်ဝင်လေ"

"ခဏနော် ကိုယ့်ရဲ့အဓိက ဇာတ်ကောင်လေးသွားယူဦးမယ်"

သေချာသည် ပန်းစည်းပဲဖြစ်လိမ့်မည်။

ခဏလောက်စောင့်နေမိတော့ နှင်းဆီအနီရောင် ပန်းစည်းတို့ဖြင့် ပြန်လာသည်။

"ဒီနေ့ နှင်းဆီတွေကပိုမွှေးမှာ ကိုယ်ကိုကိုယ်တိုင်စည်းလာခဲ့တာမလို့"

7 Days [Complete]Kde žijí příběhy. Začni objevovat