(၇) ရင်ထဲကပိတောက်

2.2K 385 290
                                    

Unicode
ရင်ထဲကပိတောက်

လေယာဉ်ပေါ်ကနေဆင်းလိုက်သည်နှင့် လတ်ဆတ်သည့် မြန်မာပြည်လေထုနှင့် မြေထုက သူ့ကို ဆီးကြိုသည်။ လေဆိပ်ကနေ ကားတစ်ဆင့်စီးရသည့်အချိန်တွင် ဆယ်နှစ်ကျော်နီးပါး ခွဲခွာခဲ့ရသည့် အမိမြေကို မလွတ်တမ်း ငေးကြည့်မိသည်။ ပြောင်းလဲတိုးတက်သွားသည့် မြို့ပြတွေ... လမ်းတွေ... တိုက်တွေ... Google တစ်ချက်ခေါက်လိုက်ရုံဖြင့် ကျလာသည့်ပုံရိပ်တွေကို သိပ်မစိမ်းသက်ပေမဲ့ ယခုမှသာ လက်တွေ့ကျကျ ခံစားမိခြင်းပင်။ သူ အချိန်ကြာဖြတ်သန်းနေလာခဲ့သည့် တိုင်းတစ်ပါးနေရပ်က မိခင်မြေထက် ပိုတိုးတက်သည့်တိုင် သည်အရပ်ကို သူ သိပ်သဘောကျရပါသည်။

ကားပြတင်းမှန်ကို ချလိုက်တော့ ဖွားခနဲ လွင့်စင်လာသည့် မိုးပြေးလေးက သူ့မျက်နှာကို အသာရိုက်ခတ်သည်။

နွေရာသီမှာ ရွာသည့်မိုး...
သင်္ကြန်မိုးပြေးလေးကလွဲလျှင် ဘာများဖြစ်နိုင်ဦးမှာလဲ...

လမ်းသွယ်တချို့ကို ချိုးကွေ့ပြီးနောက်တွင်တော့ ကားလေးသည် နှစ်ထပ်အိမ်အဝါလေးရှေ့တွင် ရပ်သည်။ ညနေစောင်းပြီဖြစ်၍ အိမ်လေးက မှောင်ရိပ်ထင်နေသည်။ သူ ကားသမားကို ပိုက်ဆံပေးလိုက်တော့ စက္ကန့်မခြားဘဲ ကားလေးက ပြန်ထွက်သွား၏။

အိမ်အဝါလေးကို ငေးကြည့်နေမိစဉ် တိုက်ခတ်လာသည့် လေအေးကြောင့် ဝတ်ထားသည့် ကုတ်အင်္ကျီအိတ်ကပ်ထဲ လက်ထိုးထည့်မိသည်။ နွေရာသီဆိုပြီး အင်္ကျီထူတွေ ထည့်မလာခဲ့တာက နည်းနည်းလွဲချော်နေပြီထင်ရဲ့... အချိန် သိပ်မဆွဲတော့ဘဲ ဘဲလ်တီးလိုက်တော့ သွက်လက်သည့် လူကြီးတစ်ယောက်က တံခါးနားရောက်လာသည်။

"ဘယ်သူလဲခင်ဗျ"
မက်စ်အနက်လေးကို ချွတ်ပြပြီး သူစိတ်ရှိလက်ရှိ ပြုံးပြလိုက်သည်။ ဝေးကွာခဲ့တာ ဆယ်နှစ်နီးပါးလေ... မမှတ်မိကြတာ အဆန်းမဟုတ်။

"သားပါ ဦးကြီးရဲ့.."

"မြတ်စွာဘုရား... နေခ..."

ဦးကြီးက အာမေဋိတ်သံပြုပြီးသည်နှင့် တံခါးကို အလျင်အမြန်ဖွင့်ပေးရှာသည်။ ခြံထဲကို ခြေချမိတော့ မြိုင်မြိုင်ဆိုင်ဆိုင် နှင်းဆီအိုးတွေကို အစီအရီ တွေ့ရသည်။
"မေမေရှိတယ်မလား ဦးကြီး"

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

Sweet MomentsWhere stories live. Discover now