Chapter (11)

202 36 6
                                    

" ဒီနေ့သိရတော့မှာပဲ ရင်တွေတုန်လိုက်တာ "

" အံ့ဩပ စာတောင်တစ်ပတ်နေလို့တစ်ခါမကျက်တဲ့သူက ဒီစာမေးပွဲကျမှဘာ‌တွေဖြစ်နေမှန်းမသိ "

ဘာမှနားမလည်နေသောသူငယ်ချင်းဖြစ်သူကို ရှင်းပြရန် ဆောနူစိတ်ရှည်မနေ။ မျက်စောင်းသာထိုးလိုက်ရင်း ဆုတောင်းလက်စကို မမေ့မပျောက်ထပ်မံသာဆက်ဆုတောင်းနေလိုက်သည်။

" ကဲ ကဲ ကိုယ့်နေရာကိုယ်ထိုင်ကြ "

မနက်ပိုင်းအတန်းချိန်ဆရာရောက်ပြီဖြစ်သောကြောင့် ဆောနူစိတ်လှုပ်ရှားသည်ထက်ပိုနေမိသည်။ စာမေးပွဲအမှတ်စာရင်းတစ်ခါတည်းသိရတော့မည်မို့ ကျောင်းသူကျောင်းသားအကုန်လုံးလည်း စိတ်လှုပ်ရှားနေလောက်မည်ပင်။ သူငယ်ချင်းပြောသည့်စကားမှာလည်း မှန်နေသည်။ စာမေးပွဲဆိုအောင်ရုံလောက်သော‌‌ဖြေဖူးသောသူက ယခုမှသာ ကိုယ့်အကြောင်းနှင့်ကိုယ် မနေနိုင်မထိုင်နိုင်ဖြစ်နေရခြင်းပင်။

" ဂျာမနီကိုလေ့လာရေးအနေနဲ့သွားရမယ့် အမှတ်အများဆုံးသူကို အရင်ပြောပြမယ် "

ထိပ်ဆုံးကတင်စကြေငြာတာမို့ ဆောနူရင်ထဲဒိန်းခနဲပင်ဖြစ်သွားရသည်။

" ဘာတွေစိတ်လှုပ်ရှားနေတာလဲ၊ မင်းမဟုတ်တာအသိသာချည်း အားးးး "

ဘေးကနေလာနှောင့်နေပြန်သောသူကို ‌ခြေထောက်သာဖိနင်းပေးလိုက်တော့သည်။ ပါးစပ်ပုတ်နဲ့ အာချောင်နေပြန်ပြီ။

" အမှတ်ပေါင်း ၅၁၈ မှတ်နဲ့ ကျောင်းသား ဂင်မင်ဟွမ် "

သွားပြီ။ မျှော်လင့်ထားသမျဖြစ်မလာတော့သည်မို့ ဆောနူခေါင်းငိုက်စိုက်ကျသွား‌ရတော့သည်။ အမှတ်အများဆုံးမဟုတ်၍ဆိုသည်ထက် ကိုကိုနဲ့တူတူသွားရမည့်ခရီးကို လက်လွှတ်လိုက်ရ၍ဖြစ်သည်ကိုတော့ ဆောနူတစ်ယောက်သာ သိလိမ့်မည်။

" ဂင်ဆောနူ ဘယ်ဆိုးလို့လဲ ပထမနဲ့ ၂မှတ်ပဲကွာပြီး ဒုတိယနေရာမှာ "

ဆရာ့စကားအဆုံးမှာ အကုန်လုံးရဲ့အကြည့်တွေက သူ့ဆီမှာ။ အမြဲလိုလိုစာမေးပွဲမှာ ကိုယ့်ရဲ့နောက်ဆုံးဆိုလို့ နံရံပဲရှိတော့သည့်သူက ဒုတိယနေရာရနေသည်မို့ အံ့ဩစရာသတင်းတစ်ခုလိုဖြစ်နေသည်။ ဒုတိယရလည်း ဘာအရေးလဲ၊ ပထမမှဟုတ်မနေသည်မို့ သက်ပြင်းတချချနှင့် စိတ်ကြည်မနေတော့ပေ။ အမှတ်များနေတာတောင် မပျော်နေနိုင်သော ဆောနူဘ၀က ဆိုးလွန်းပါသည်။























You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

𝐆𝐢𝐯𝐞 𝐌𝐞 𝐀 𝐂𝐡𝐚𝐧𝐜𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now