part-13

117 22 2
                                    

Part-13

" ယွန်းဂျောင်းဟန်"

ပြန်လာသည့်အရိပ်ကလေးကို တွေ့တော့ မင်ဂယူ ထိုင်နေရာမှ ချက်ချင်း ထလိုက်မိသည်။

သူခေါ်လိုက်တော့ သူ့ကိုမျက်လုံးဝင့်ပြီးကြည့်ကာ ဘာစကားမှမဆိုလာခဲ့

"ဘာလို့ဒီအချိန်မှ ပြန်လာတာလဲ"

"မင်းနဲ့ဆိုင်လို့လား"

"မဆိုင်လဲသိချင်တယ် မရဘူးလား"

" မရဘူး မင်းရည်းစားနဲ့ သွားနေ "

"ဘယ်က ရည်းစားလဲ"

"ညနေက ကောင်မလေးက မင်းရည်းစားလေ"

"ကျွတ် မဟုတ်ကဟုတ်ကတွေ  ငါမေးတာသာဖြေစမ်းပါ "

မင်ဂယူ ဒေါသထွက်နေမိရင်း ယွန်းဂျောင်းဟန်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"မင်ဂယူ ငါ့ကိုလွှတ်ပေး"

"အဲ့ကောင်နဲ့သွားရတော့ အရမ်းပျော်နေတာလားဟုတ်လား ဒီအချိန်ထိတောင်ဆိုတော့ ရုပ်ရှင်ကြည့်တာပဲတောင်ဟုတ်ရဲ့လား"

"မင်းမရိုင်းနဲ့နော် မင်ဂယူ"

ညနေက ကိစ္စက သူလွန်သွားတာသိပေမဲ့ ဟို့ကောင်မျက်နှာပေါ်လာရင်ဒေါသကထွက်လာပြန်သည်။

"ယွန်းဂျောင်းဟန် ငါ့အိမ်မှာနေမယ်ဆို ငါပြောတဲ့အတိုင်းနေပါ"

ထိုစကားသည် ဂျောင်းဟန်မာနကို ထိခိုက်သလို ခံစားလိုက်ရသည်။

" မင်းအိမ်မှာငါက နေချင်လွန်းတယ်ထင်နေလို့လားမင်ဂယူ ဒီနေ့ထွက်သွားလို့ ရ ရင် ဒီနေ့ချက်ချင်းထွက်သွားမှာ ငါမင်းနဲ့နေရတာ အရမ်းစိတ်ဆင်းရဲတာ သိလား ငါလဲဒီအိမ်မှာမနေချင်ဘူး "

"အဲ့ဒါဆိုလဲ ထွက်သွား ယွန်းဂျောင်းဟန် ငါမင်းကိုမမြင်ချင်တာမို့ အခုထွက်သွား"

မင်ဂယူက အော်ပြောလာတာကြောင့် ဂျောင်းဟန် မျက်ရည်တွေဝိုင်းလာခဲ့ပြီး မခံချင်စိတ်နဲ့မာနပေါင်းကာ ဘာကိုမှမစဉ်းစားမိတော့ပဲ ထိုနေရာမှ ချက်ချင်း ထွက်လာခဲ့လိုက်သည်။

မျက်ရည်တွေစီးကျလာသည်ကို သုတ်နေရင်းနဲ့ ခြံတံခါးကိုတွန်းဖွင့်လိုက်ကာ ခြေဦးတည့်ရာ လျှောက်လာခဲ့မိသည်။

O P P O S I T E  (Completed)Where stories live. Discover now