Ep 9. story

89 5 1
                                    

မနက် 5:00 ထိုးတာနှင့် လွှမ်းဆက်နိုင် တစ်ယောက်အိပ်ယာထသည်။ မျက်နှာသစ် သန့်ရှင်းပြီးသည်နှင့် ထုံးစံအတိုင်း Gym အခန်းထဲသို့ဝင်သွားကာ လေ့ကျင့်ခန်း စလုပ် စေသည်။ အိပ်ထ လုပ်နေသူရဲ့ ကိုယ်ပေါ်တွင် တင်းပြောင်ဝင်းလက်ကာ ချွေးစီး ချွေးစများလဲထွက်လျှက်၊ လက်ပြင်နောက်ရှိ အဖုအထစ်တို့မှာလဲ အထင်းသား၊ ဗိုက်ပေါ်ရှိ တင်းမာကာ ဖုဖောင်းနေသော 8pastတို့မှာလဲ ထိချင် တို့ချင်သဖွယ်၊ စိမ်းညို့ နေ သော နှုတ်ခမ်းမွှေးပါးပါးနှင့် ယောကျာ်းပီသလှသော မေးရိုး၊ ထူထဲသည့်မျက်ခုံး၊ စူးရှတဲ့အကြည့်များပိုင်ဆိုင်ထားသည့် ထိုမျက်ဝန်းအိမ်...  ကျစ်လှစ်သန်မာလှသည့် ကိုယ်လုံး...  အားလုံးဟာ ယောကျာ်းပီသစွာ ပြ့စုံလွန်းနေလေရဲ့။

Gym ဆော့ချိန်ပြည့်သည်နှင့် အိပ်ခန်းဘက်သို့ပြန်လာကာ ဖန်ကရားထဲမှ ရေအနည်းငယ်ငှဲ့သောက်ကာ ခန နားနေ၍ ပြီးသည်နှင့် ရေချိုးခန်းထဲရှိ ရေပန်းအောက်သို့နေရာဝင်ယူလျှက် ၊ ချွေးထွက်ထားသော ကိုယ်ခန္ဓာကို သန့်ရှင်းစေသည်။ ပြီးသည်နှင့် အဝတ်အစားလဲ၍ အောက်ထပ်သို့ ဆင်းလာလျှက်၊ မနက်စာ စားရန် အဆင်သင့်ပြင်ကာ စောင့်နေသော ဒေါ်ရည်မှာ မျက်လွှာများချထားလျှက် အရိုသေပေးသည်။ ပေါင်မုန့်ထောပတ်မီးကင် 2ချပ်မျှစားလျှက် Coffee တစ်ခွက်အား သောက်နေလေသည်။ နံဘေးတွင်လဲ မင်းထိုက်လဲရှိနေကာ boss ကိုစောင့်ပေးနေသည်။

" မင်းထိုက် "

"ဟုပ်ကဲ့...  boss"

" ငါနဲ့ရုံးကိုသွားပီးရင် မင်း  ရှိုင်းဆက်ကို သွားကြိုပေး၊ ဇေယံကို ငါ့စီလွှတ်လိုက်"

"ဟုပ်ကဲ့..  boss"

bossရုံးခန်းသို့ရောက်သည်နှင့် ခေါင်းငုံအရိုသေပေးကာ ကားပါကင်သို့ပြန်ထွက်လာလိုက်ပီးသည်နှင့်ကားထဲသို့ဝင် စေကာ မင်းထိုက်က ကားစီယာတိုင်တွင် နေရာယူလျှက် ရုံးသို့ မောင်းနှင်စေသည်။
ရုံးသို့ရောက်သည်နှင့် ရှိုင်းဆက်စီကို သွားကြိုစေသည်။

မင်းထိုက် လေဆိပ်သို့ရောက်သည်နှင့် ခနမျှစောင့်ကာနေလိုက်သည်။ တစ်ခနအကြာ ဖြူဖြူဖွေးဖွေးဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဆင်းလာသည်၊ Cargo pant အနက်ရောင် အိပ်ကပ်အရှည်ဝတ်ထားလျှက် လည်ဝိုင်း တီရှပ် အဖြူရောင် အပါးလေးအား ဝတ်ထားကာ နားကြပ်ကို လည်ပင်းတွင်ချိတ်၍ ထွက်လာလေသည်။

Last Light. ( un + Zawgyi )Where stories live. Discover now