Part 10. story

77 5 0
                                    

ညနေ5:00ထိုးသည်နှင့် သင်တန်းသိမ်းကာ ပြန်ဖို့ပြင် ကြလေသည်။ လင်းသက် တစ်ယောက် ထမင်းချိုင့်လေးဆွဲကာ လှေကားအတိူင်း အောက်ထပ်သို့ဆင်းရာ..  အပေါက်ဝတွင် ကျောပိုးလွယ်အိတ်လေးလွယ်ကာ စောင့်နေသော ရှိုင်းဆက်။ ကောင်လေးကို ကြည့်ရတာ အိမ်က လာမကြိုသေးလို့ထင်သည်၊ အပေါက်ဝလေးမှာ မတ်တပ်ရပ်လျှက်ပင် စောင့်နေသူမှာ ထိုကြည့် ဒီကြည့်လေးနှင့်သာ။ သင်တန်းသားတွေ အကုန်ပြန်သွားကာ ညပိုင်း OTဆင်းမဲ့ အပေါ်ဆုံးအထပ်က လူအနည်းငယ်သာ ကိုယ့်ရုံးခန်းစားပွဲ ကိုယ်စီတွင် အလုပ်လုပ်နေကြလေသည်။ ထိုစဥ် ကောင်လေး တစ်ယောက်ထဲဖစ်နေမှာစိုးသည့်အပြင် ဒီနေ့မှ သင်တန်းတက်သူမို့ တစ်ယောက်ထဲလဲမစောင့်စေချင်။ ဒါကြောင့် အတူစောင့်ပေးဖို့ ဆုံးဖြတ်ကာ အနားသို့သွားလိုက်သည်။

"ညီလေး... "

"ဗျာ  .. ဟုပ် အကိုလင်းသက် ကျနော့်ကိုဘာပြောမလို့လဲဗျ"

"အာ.... ဘာရယ်မဟုပ်ပါဘူးကွာ တစ်ယောက်ထဲစောင့်နေတာမြင်လို့ပါ၊ အိမ်က လာမကြိုသေးဘူးထင်တယ်"

"ဟုပ်တယ်ဗျ .. ဒါနဲ့ အကိုလင်းသက်ကရော အိမ်မပြန်သေးဘူးလား "

"အင်းး ဟုပ်တယ်၊ ခနနေလောက်မှပြန်မှာ ကောင်း ကအပေါ်ထပ်မှာ သူ့လုပ်လက်စအလုပ်တွေသိမ်းနေလို့... သူ့ကိုလဲစောင့်ရင်း  ညီလေးကိုလဲစောင့်ပေးမလို့"

"အာ.... အားနာစရာကြီးဗျ"

"အားမနာပါနဲ့ကွာ ... ပီးတော့ အကိုလို့ခေါ်လဲရပါတယ်၊ နာမည်ကြီးထည့်ခေါ်နေတော့ ရှည်နေသလားလို့... "

"အာ ...ဟုပ်ကဲ့ပါဗျာ့.. "

စကားပြောကြရင်း ရှိုင်းဆက်ကို လင်းသက်တစ်ယောက် စိတ်ရှည်ရှည်ဖြင့်စောင့်ပေးနေလေသည်။ ရှိုင်းဆက်ဘေးတွင် ထမင်းချိုင့်လေးနဲ့လက်ဆွဲအိတ်အားဆွဲကိုင်လျှက် မတ်တပ်ရပ်ကာ လေပေါနေသူမှာ လင်းသက်သာ။ မိုးပြာရောင်အနု အကျီလေးဝတ်ထားသဖြင့် အသားရေလေးမှာ ဖြူဖြူဝင်းဝင်းညက်ညက်ကလေးနဲ့ ချစ်စရာကောင်းနေ​လေ သည်။ ပိန်လျသော ခါးလေးမှာလဲ ထိတွေ့ချင်သဖွယ် ကိုင်ချင်သဖွယ်။

ကားလမ်းတစ်ဖက်တွင်ရပ်ထားသည့်ကားတစ်စီး။ ထိုကားထဲတွင်တော့ ကြီးမားရှည်လျသော လက်ချောင်းသွယ်သွယ်တို့ဖြင့် မှေးထောက်ကာ နှုတ်ခမ်းတွေကော့ညွှတ်သည်အထိပြုံးကာ သဘောကျနေသော သူတစ်ဦး။ အဟွန်း ဒါမျိုးကျတော့လဲ ဒီကောင်လေးစိတ်ရှည်သား။ အတွေးနယ်ထဲမှ ထွက်လျှက် ကားကို အနောက်သို့ ပြန်ကွေ့စေကာ  ဇေယံကို ဖုန်းဆက်လိုက်သည်။

Last Light. ( un + Zawgyi )Donde viven las historias. Descúbrelo ahora