Part 3

177 35 7
                                    

တေးသွားတွေလို တစ်ဖန်ကြားယောင်လာပြန်တယ် ။ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရသလို အမှတ်တရများကို မျက်လုံးထဲ တိတိကျကျကိုပင် ပြန်၍ ပေါ်လာသည် ။ အမြဲတောင်းတခဲ့ရသော အမြဲလွမ်းနေရပါသော ပုံရိပ်တွေ ။ တစ်ချိန်က ဖြစ်ရပ်တွေကို သိပ်လွမ်းတယ် ။

အချို့အရာတွေက ရွေးချယ်မှုပြုလုပ်ရတယ် ။

အချို့သော ရွေးချယ်ချက်တွေက မှားတတ်ကြတယ်။

အချို့အရာတွေက မှန်ကန်ပေမယ့် နာကျင်ရတယ် ။

မင်းလက်ကို ငါမလွှတ်ခဲ့သင့်ဘူး လူဆိုးလေးရယ် ။

နောင်တတွေနဲ့ ရှင်သန်နေရတာ သိပ်ပင်ပန်းတာပဲရယ် ။

//  𝙻𝚘𝚅𝚎 𝙼𝚎 𝙰𝚐𝚊𝚒𝚗  //

တစ်နေ့တာလုပ်ဆောင်ရမယ့် အလုပ်အချိန်ဇယားကို ကြည့်ရင်း ထယ်ယောင်း သက်ပြင်းလေးချမိသည် ။ ဝါသနာအရဖြစ်သွားတာကြောင့် လုပ်ကိုင်ရသော်လည်း အရမ်းခက်ခဲသည် ။ အောင်မြင်နေတဲ့အချိန်ကာလကို ရောက်နေပြီဖြစ်သော်လည်း တိုက်ခိုက်နေတဲ့အင်အားကလည်း များသည် ။

အရင်ကျောင်းတုန်းက အချိန်များကို အမှတ်ရသည် ။ကျောင်းလေးသွား စာလေးကျက်နေရတဲ့ဘဝက လူ့ဘဝလောကကြီး ပင်ပန်းတာနဲ့ ယှဉ်ရင် ဘာမှမပြောပါးလောက်ပေ ။ အရင် သူငယ်ချင်းတွေနဲ့အတူတူပျော်ပါးခဲ့တဲ့ အချိန်တွေ ကို သတိရသည် ။ အခုတော့ သူငယ်ချင်းတွေကလည်း အလုပ်ခွင်ကိုယ်စီကြောင့် အဆက်အသွယ်ပင်မရတော့ပေ ။

အဆိုးရွားဆုံး သူရဲ့ အချစ်ဆုံးသူငယ်ချင်း Wendy နဲ့ပင် သူအဆက်အသွယ်ဖြတ်လိုက်ရသည် ။ ပြီးတော့ သူ့ရဲ့အချစ်ဆုံးသောကောင်လေး ... ဝေးခဲ့ကြသေးတယ်လေ ။

ဘဝက ပင်ပန်းတယ် .. သူရဲ့အနုပညာလောကကလည်း ပင်ပန်းတယ် ။ ဆုံးရှုံးလိုက်ရတဲ့ သံယောဇဉ်တွေမှ အများကြီး ။ ပြန်ရလာတဲ့ တုန့်ပြန်ချက်‌ကများပေမယ့်လည်း မဖြည်သာသေး ။

အနုပညာအလုပ်ကိုရူးသွပ်လို့သာ ...သူရဲ့ပရိသတ်တွေကို ချစ်လို့သာ အရာအားလုံးကို စွန့်လွှတ်ခဲ့တာ
တစ်ခါတစ်လေ ကြရင်တွေးမိတယ် .. မှားသွားသလားလို့ ..

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now