1

218 27 0
                                    

Unicode

ဂုဏ်မြင့်သူရယ်

အပိုင်း ၁


ယဲ့အန်း မူလတန်းကျောင်းတက်တုန်းက သူ့အမေ ရှကျင်က ယဲ့ယွမ်နျန်နဲ့ ကွာရှင်းခဲ့သည်။ ထိုအချိန်တွင်၊ ယဲ့ မိသားစုသည် ယခုကဲ့သို့ လူမှုရေး သို့မဟုတ် ငွေကြေးဆိုင်ရာ သြဇာလွှမ်းမိုးမှုမျိုး မရှိသလို အမွေဆက်ခံရန် လိုအပ်သော ရာဇပလ္လင်လည်း မရှိပေ။ ရှကျင်သည် သူ့သမီးကို အုပ်ထိန်းခွင့်ရရန် အရာအားလုံးကို စွန့်စားခဲ့သည်။

အသက်အနည်းငယ်သာရှိသေးသော ယဲ့အန်းသည် ယဲ့ မိသားစုကို ရှကျင်နှင့်အတူ ထားခဲ့သည်။

မကြာခင်မှာပဲ ယဲ့ယွမ်နျန်သည် နောက်အိမ်ထောင်ပြုပြီး မိသားစုသစ်တစ်ခု ထူထောင်ခဲ့သည်။

ဤနှစ်များတွင် ယဲ့ယွမ်နျန်သည် ဖခင်တစ်ဦး၏ တာဝန်များကို မကျေပွန်ခဲ့ပဲ ၎င်းတို့၏ သားအဖဆက်ဆံရေးမှာ မပြေလည်ခဲ့ပေ။ သူတို့သည် အမှန်တော့ သူစိမ်းများသာဖြစ်ကြသည်။

ထို့ကြောင့် ယဲ့ယွမ်နျန်သည် အိမ်ထောင်ရေးမဟာမိတ်ကိစ္စကြောင့် သူမဆီ ချဉ်းကပ်လာသောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ရယ်မောမိခြင်းပင်ဖြစ်သည်။ သူမ၏ သောက်လက်စ ကော်ဖီခွက်ကို သူ့မျက်နှာပေါ် ပက်ပစ်လိုက်ပြီး အဆုံးစွန်ထိနာကျင်စွာ အော်ဟစ်စေချင်ခဲ့သည်။

သို့သော် သူမ မတတ်နိုင်ခဲ့ပေ။

လွန်ခဲ့သော ခုနစ်နှစ်က ရှကျင်သည် အကြောင်းတချို့ကြောင့် ယဲ့အန်းကို ဂရုမစိုက်နိုင်ဘဲ ယဲ့ မိသားစုဆီ ပြန်ပို့ခဲ့သည်။ နောက်တော့ ရှကျင် သည် အလွန်အမင်း အဆင်မပြေသဖြင့် ယဲ့ယွမ်နျန်ဆီမှ ပိုက်ဆံအမြောက်အများတောင်းခဲ့သည်။

ယဲ့ယွမ်နျန်က သူတို့အအပေါ် ဒီအကြွေးကို အသုံးမချပေမယ့် ယဲ့အန်းက တခြားသူတွေရဲ့ ကျေးဇူးကြွေးတွေကြောင့် ယဲ့ မိသားစုကို ပိုမုန်းလာခဲ့သည်။ ဒါကြောင့် ကော်ဖီနဲ့ပက်မယ့်အစား သူ့တောင်းဆိုမှုကို မတက်သာပဲ လက်ခံလိုက်ပြီး သူ့ကိုယ်သူ ရောင်းပစ်လိုက်ရသည်။

ယဲ့အန်းသည် အပြင်ဘက်ရှိ လန်းဆန်းသစ်လွင်သောနွေဦးရှုခင်းကို ငေးကြည့်ရင်း ဘုရားကျောင်းဆောင်ကို ပွတ်သပ်လိုက်သည်။

ဂုဏ်မြင့်သူရယ် (ဘာသာပြန်)Where stories live. Discover now