Unicode
ချိုမြိန်ရိပ်မြုံ
အပိုင်း ၄
ထန်ယီသည် ဓာတ်လှေကားထဲတွင် ယွင်ကျန့်ကို ကုန်းပိုးကာ ရပ်နေသည်။ ဓာတ်လှေကားတံခါးပွင့်လာပြီးနောက် နီဇွန်က သူ့နောက်လိုက်လာသော အမျိုးသမီးကို လက်ယမ်းပြလိုက်သည်။
ထိုအမျိုးသမီးက နားမလည်သလို ထူးဆန်းစွာ ပြန်မေးလိုက်သည်။ “ကျွန်မ ဘာလုပ်ရမှာလဲ”
နီဇွန်က နှုတ်ခမ်းစူပြီး ထိုအမျိုးသမီးကို ဓာတ်လှေကားတံခါးဆီသို့ တွန်းလိုက်သည်။ သူသည်အထဲမှာပုန်းပြီး ဓာတ်လှေကား တံခါးကို ဖိပိတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက “အပြင်မှာ ပရိသတ်တွေ ဒါမှမဟုတ် ပါပါရာဇီတွေ ရှိလား ကြည့်ကြည့်ဦး” ဟုပြောလိုက်သည်။
“အိုး!” သူမ ချက်ချင်း ထွက်သွားပြီး ကြည့်ပေးလိုက်သည်။ ထို့နောက် နောက်တစ်ဖန်ပြန်ကြည့်ပေးပြီး “ကျွန်မ ဘယ်သူ့ကိုမှ မတွေ့ပါဘူး” ဟုပြန်ဖြေလိုက်သည်။
ထိုမှသာ နီဇွန်သည် အပြင်ထွက်ကာ “မျက်ကန်းမျက်မှန်” ကို ချွတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို သာမန်မျက်စိဖြင့် ကြည့်ကာ ထွက်လာနိုင်သည်ကို အချက်ပြရန် ထန်ယီကို မေးငေါ့ပြလိုက်သည်။
ထန်ယီသည် နီဇွန်နှင့် ပိုရင်းနှီးသောကြောင့် နီဇွန်ပြောချင်သည်ကို အလိုလိုနားလည်နေကာ ယွင်ကျန့်ကို ကုန်းပိုးလျက် ထွက်လာသည်။ မနီးမဝေးမှ ကျန့်ကျင်းယုသည် သူတို့ဆီ ကားကိုမောင်းလာသည်။
ထန်ယီက ယွင်ကျန့်ကို ကားထဲထည့်လိုက်ပြီး နောက်ခုံတွင် သူပါဝင်ထိုင်လိုက်သည်။
သူမနှင့်အတူ အဖော်အဖြစ်လိုက်လာပေးသော အမျိုးသမီးက တုန်လှုပ်ချောက်ချားပြီး ခရီးသည်ထိုင်ခုံတွင် ထိုင်ချလိုက်သည်။
“ငါမလိုက်တော့ဘူး၊ ဘာကြောင့် မလိုက်ဘူးလဲဆိုတာ အစီရင်ခံတင်ပြရဦးမလား” နီဇွန်က ပြောလိုက်သည်။
“ခဏနေ ပြန်လာခဲ့မယ်” ထန်ယီက ပြန်ပြောလိုက်သည်။
“အိုကေ” နီဇွန် ထွက်သွားခါနီးမှာ ရှေ့ခုံတွင်ထိုင်နေသော အမျိုးသမီးက ပြတင်းပေါက်ကိုဖွင့်ပြီး “နီဇွန်၊ ကျွန်မအတွက် နာမည်လေးရေးပြီး လက်မှတ်ထိုးပေးလို့ရမလား” ဟုစိတ်လှုပ်ရှားစွာ မေးလိုက်သည်။
YOU ARE READING
ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)
RomanceName - Giving You a Little Sweetness Type - web novel Genre - Comedy Romance Tags - Acting Beautiful Female Lead Celebrities Female Protagonist Handsome Male Lead Modern Day Showbiz Younger Love Interests Authors - Mo Xi Ke 墨西柯 Myanmar trans - Khat...