သူငယ်ချင်းမိန်းမ - 1

1.5K 6 0
                                    

''ကိုဖြိုးရေ ကိုဖြိုး တံခါးလာဖွင့်ပေးဦး''

အရှေ့မှလှမ်းခေါ်နေသူမှာအခြားသူမဟုတ်
ကိုဖြိုးရဲ့သူငယ်ချင်းအရင်းကြီး စည်သူဖြစ်သည်

''လာပြီဟေ့ မင်းကဘယ်ကဘယ်လိုရောက်ချလာတာတုန်း''

ကိုဖြိုးကအပေါ်ပိုင်းဗလာကိုမှအောက်ကပုဆိုးက ကမန်းကတန်းအမြန်ဝတ်လာသည့်ပုံစံဆိုတော့စည်သူနည်းနည်းတော့သဘောပေါက်လိုက်သည်

''ပိတ်ရက်လေးပျင်းလို့ကွာ လက်ဘက်ရည်ဆိုင်ထိုင်မလားလို့မင်းလာခေါ်တာ မင်းကလည်းနေ့ခင်းကြီးကိုဘယ်လိုဖြစ်''

''မင်းပြောရမှာ သာသနာဖျက်ကောင်ကွာ
ပိတ်ရက်လေးမိန်းမနဲ့သာယာနေတာကို''

''စောက်ပိုတွေမလုပ်နဲ့ဟေ့ရောင် အဲ့ကိစ္စကဘယ်အချိန်လုပ်လုပ်ရတယ် လာဆိုင်ထိုင်မယ်''

''အေးအေး အဝတ်အစားလဲလိုက်ဦးမယ်
လာအိမ်ထဲဝင်ထိုင်''

အဲ့လိုနဲ့ဧည့်ခန်းထဲဝင်ထိုင်လိုက်တယ် ကိုဖြိုး
အင်္ကျီလဲနေတဲ့အချိန်မှာပဲ သူ့မိန်းမဖြစ်သူ
စန္ဒာထွက်လာတယ်

''ကိုစည်သူရောက်နေတာပဲ ရွှေရည်ရောမပါဘူးလား''

''ရွှေရည်ကအလုပ်ကိစ္စနဲ့မနေ့ကပဲမန်းလေးတက်သွားတယ် စန္ဒာရေ ငါလည်းပျင်းတာနဲ့လက်ဘက်ရည်ဆိုင်ထိုင်ရအောင်ဒီကောင့်လာခေါ်တာ နင်ရောလိုက်ဦးမလား''

''မလိုက်တော့ပါဘူး အကိုတို့နှစ်ယောက်ပဲသွားတော့ ကျွန်မညစာအတွက်ချက်ရဦးမယ်
အကိုလည်းအပြန်ကျ ဒီပဲပြန်လိုက်ခဲ့လေ
ညစာစားပြီးမှပြန်ပေါ့''

''အေး အဲ့ဒါလည်းကောင်းတာပဲ''

''ကဲ မိန်းမရေ ကိုယ်လိုက်သွားလိုက်ဦးမယ်
သိပ်သွားချင်တာမဟုတ်ဘူး ဒီကောင်ခေါ်နေလို့သာ''

''အဲ့ဒါဆိုနေခဲ့ခွေးကောင် ငါ့ဘာငါသွားလည်းရတယ် သူများလိုက်ချင်မလားလို့ခေါ်တာ
ဒင်းကငါ့ကိုခေါင်းစဥ်တပ်နေတယ်''

''ဟားဟား ဒီလိုပဲပေါ့ကွာ ခေါင်းစဥ်ရှာတတ်မှမိန်းမမျက်စောင်းကလွတ်မှာကွ''

''ကဲပါရှင်အပိုတွေပြောမနေနဲ့ သွားစရာရှိတာသွားပြီးစောစောပြန်လာ''

ဂွင်Where stories live. Discover now