သူငယ်ချင်းမိန်းမ - 2

1.6K 6 0
                                    

ဒီလိုနဲ့စနေနေ့ပြန်ရောက်လာတော့ချိန်းထားတဲ့အတိုင်းကိုဖြိုးအိမ်ဘက်ကိုပုလင်းဝယ်ပြီးထွက်လာလိုက်တယ် ရောက်တော့ကိုဖြိုးကအိမ်ရှေ့မှာဆေးလိပ်သောက်ရင်းစောင့်နေတယ်

''ရောက်လာပြီလား ငါမင်းကိုစောင့်နေတာ
မင်းကလည်းကြာလိုက်တာကွာ''

''ဒီမှာ ငါပုလင်းဝင်ဝယ်နေလို့ပါဟ''

''အာ မင်းကလည်းငါတိုက်ပါမယ်ဆိုဘာလို့ဝယ်လာတာလဲ''

''ဘာမှမဖြစ်ပါဘူးကွာ မင်းသာအမြည်းကောင်းကောင်းစီစဥ် ဒီမှာငါtequilaနဲ့
orange juiceဝယ်လာတယ်''

''အမှောက်သောက်တော့မယ်ပေါ့ ဟုတ်လား
အမြည်းကတော့မပူနဲ့ဟေ့ကောင် လမ်းထိပ်ကငါးကင်နဲ့ကြက်ကြော်ဝယ်တယ် ကျန်တဲ့အသုပ်ဘာညာကငါ့မိန်းမရှယ်လုပ်ပေလိမ့်မယ်''

''အေးပါ ေအးပါ''

အိမ်ထဲဝင်ပြီးဧည့်ခန်းမှာထိုင်လိုက်ကြတယ်

''မင်းဘယ်မှာသောက်ချင်လဲ ဒီမှာပဲသောက်မလား''

''ထမင်းစားပွဲမှာပဲသွားသောက်ကြတာပေါ့
ဧည့်ခန်းကြီးမှာမကောင်းပါဘူး''

''အေးအေး ပြီးရော အဲ့ဒါဆိုအနောက်သွားကြမယ်''

ထမင်းစားပွဲရောက်တော့ မီးဖိုထဲမှာစန္ဒာတစ်ယောက်အလုပ်ရှုပ်နေတယ် စားပွဲပေါ်မှာတော့ကိုဖြိုးဝယ်လာတဲ့ငါးကင် ကြက်ကြော်နဲ့
စန္ဒာသုပ်ထားတဲ့ လက်ဖက်သုပ်နဲ့ပဲကြမ်းသုပ်ပန်းကန်တွေကိုတွေ့ရတယ်

''ကိုစည်သူရောက်ပြီလား ဒီမှာဆေးဘဲဥလေးသုပ်နေတာပြီးရင်ရပြီ''

''နင်တို့ကလည်းဒုက္ခရှာလို့ဟယ် အခုကို​တော်တော်စုံနေပြီ''

''အမြည်းစုံစုံလင်လင်နဲ့သောက်တော့ပိုကောင်းတာပေါ့ကွာ မင်းကလည်း''

''ဟုတ်တယ် ကိုစည်သူရဲ့ ဘာမှသိပ်ခက်ခက်ခဲခဲလည်းမဟုတ်ပါဘူး ဒါနဲ့ရွှေရည်ပြန်မရောက်သေးဘူးလား''

''အေး ဟုတ်တယ် အစကတော့ ၄ ၅ရက်ဆိုပြီးသွားတာ ဟိုရောက်မှကိစ္စတွေကမပြီးသေးလို့ နောက်တစ်ပတ်လောက်နေရဦးမယ်ပြောတယ်''

''လွတ်လွတ်လပ်လပ်ပဲပေါ့ သာယာတယ်နော်''

ကိုဖြိုးကရယ်ကျဲကျဲနဲ့ဝင်ပြောတော့စန္ဒာကမျက်စောင်းထိုးလိုက်ပြီး

ဂွင်Wo Geschichten leben. Entdecke jetzt