Epilogue (အစ်ကိုကြီးရဲ့ အဆောင်ပြန်ချိန်)

4.6K 37 3
                                    

စာသင်နှစ်တစ်ခုရဲ့ ပထမနှစ်ဝက်ကာလ အပြီး ၂ လတာ ကျောင်းပိတ်ရက်ရှည်ကြီး ပြီးဆုံးတဲ့အချိန်။ ကျွန်တော့်တို့လို အိမ်ပြန်နားကြတဲ့ နယ်ဝေး ကျောင်းသားတွေ ဆောင်တော်ပြန်ကူးကြတဲ့အချိန်။ အမှန်ဆိုရင် ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းက ခုလို နှစ်ဝက်ပြီးဆုံး ကျောင်းပိတ်ရက် တွေမှာ တော်ရုံ အိမ်ပြန်လေ့မရှိ။ ထို နှစ်ကတော့ အငယ်ကောင် ကျော်သွေး စာမေးပွဲဖြေပြီးခါစနှစ် ဖြစ်တဲ့ အတွက် ကြောင့်ရယ်၊ ခနလောက် အိမ်ပြန်ပြီး နား‌အေးပါးအေး နေချင်တာကြောင့်ရယ် အိမ်ပြန်နားဖြစ်ခဲ့တယ်။ အိမ်ပြန်နားနေတုန်း မှာ ဖြစ်သွားခဲ့တာတွေကအများကြီးပါ၊ အထူးသဖြင့် အငယ်ကောင်နဲ့ပေါ့။ အငယ်ကောင့်ကို တစ်ခါလောက် သင်ပြပေး ပြီး နောက်ပိုင်း လူလစ်ရင် လစ်သလို လူကြီးအလုပ်တွေအတူတူ လုပ်ကြတာကတော့ အဓိကပေါ့ဗျာ။
၂ လပြည့် တော့ အငယ်ကောင် ကိုခနထားခဲ့ပြီး နောက်ထပ် ၄ လလောက် အိမ်နဲ့ ပြန်‌ဝေးရတယ်။ ၄ လပြည့်လို့ တတိယနှစ် Full Semester ပိတ်ရက် ကျရင်တော့ အခုလို အကြာကြီးပြန်မလာနိုင်တောင် ပြန်လာဖြစ်‌‌အောင် ပြန်လာမယ်၊ ကျော်သွေးအပေါ် ကျန်နေခဲ့သည့်အ‌ကြွေးကို ပြီးအောင် ဆပ်မယ် လို့ စဉ်းစားထားခဲ့ပါတယ်၊ တစ်ကယ်လည်းပြန်ဖြစ်ခဲ့ပါတယ်။
သည်ကြားထဲမှာ ထင်မှတ်မထားတဲ့ ကိစ္စတစ်ခုကလည်း ဖြစ်သွားခဲ့ပါသေးသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း အစကတည်းကမရိပ်မိခဲ့သည်မှာ အမှန်ပါ။ သိသာနေတဲ့ ကိစ္စလည်းမဟုတ်တော့ သတိကိုမထားမိခဲ့ပါ။
ကျွန်တော် အဆောင်ပြန် ရောက်ရောက်ချင်း နေ့မှာပဲ ကျွန်တော့်ထဲမှာ အခန်းဖော် ကိုကိုလတ်ရဲ့ ပစ္စည်းတွေကို ‌မတွေ့ရတော့။ ကျွန်တော်တို့ ဘော်ဒါတစ်သိုက်ကတော့ လတ်ကြီးလို့ခေါ်ကြတာပေါ့။
"ဟာ ကျော်ကြီး ပြန်ရောက်ပြီလား မင်းကို သတိရနေတာကွာ လာ ဂိမ်းဆော့မယ်"
ဘေးခန်းက ကျွန်တော်တို့နဲ့ တစ်ဖွဲ့တည်း သူငယ်ချင်းသူရဇော်ပင်။ 'ကျော်ကြီး' သည်ကား သူတို့ရဲ့ပါးစပ်ဖျားမှ ကျွန်တော့်၏ ကလောင်အမည်။
"အေး၊ သားကြီး၊ ခုတော့မဆော့နိုင်သေးဘူးကွာ ပင်ပန်းနေလို့ ဒါနဲ့ လတ်ကြီး ပစ္စည်းတွေရော"
သူက အိမ်မပြန်တာမို့ သူသိလောက်မည်ထင်သည်။
"သူ့အဒေါ်တွေ ကွန်ဒို ဝယ်လိုက်လို့တဲ့ သွားနေတယ်၊ သူက မနေချင်ဘူး သူ့အိမ်ကနေခိုင်းလို့ လို့ပြောတယ်။"
အတူတူ ဆိုးဖော်ကဲဖက် သူငယ်ချင်းတစ်ယောက်လျော့သွား၍ စိတ်ထဲသိပ်မကောင်း။ လူကလည်း ခရီးပန်းလာတော့ စကားတွေအများကြီးမပြောနိုင်တော့ပါ။
"အေးသားကြီး ငါခနအိပ်ချင်လို့ ခနအိပ်ဦးမယ် ငါ အိပ်‌‌ပျော်နေတုန်း သောက်ရေဘူးလာရင် ယူထားပေးပါီဦး"
"အိုကေ ကျော်ကြီး ဒီည ဂိမ်းဆော့မယ်နော် ကျောင်းပြန်မတက်ရခင်လေး"
"အေး အေး"
ခရီးပန်းလာသမျှ ချွေးတွေ ထုံထိုင်းမှူတွေကို အဆောင်အနောက်ဖက်က ရေချိုးခန်း‌တွေထဲမှာ ရေချိုးသန့်စင်ပြီးတာနဲ့ ကုတင်အိပ်ရာပေါ်ကို ခြေပစ်လက်ပစ် လှဲချပြီးနားပစ်လိုက်တော့တယ်။အအိပ်မက်တဲ့သူမို့ ညအိပ်ပျော်လျှင် တော်ရုံနဲ့မနိုးတတ်။ ပုဆိုးဖြင့် အိပ်ရာဝင်တဲ့အခါတိုင်း မနက်မိုးလင်းတာနဲ့လူတစ်ခြား ပုဆိုးတစ်ခြားဖြစ်တတ်တော့ ပုဆိုးနဲ့ဘယ်တော့မှ ဝတ်မအိပ်ဖြစ်ပါ။ အဆောင်နေ ကျောင်းသားဘဝရဲ့ အခန်းဆက်တွေထဲက တစ်စိတ်တစ်ပိုင်းပေါ့ဗျာ။
နောက်ပိုင်း လက်စနဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေရတာဆိုတော့ လွတ်နေတဲ့ ကုတင်ကို ကိုယ့်ကုတင် ဆက်ထားလိုက်တော့တယ်။
အဲ့လိုနဲ့ပဲ ၂ ပတ်လောက်ကြာပြီးတဲ့နောက်မှာ သိပ်မျက်မှန်းတန်းမမိတဲ့ ဂျူနီယာအငယ်တန်ကောင်လေးတစ်ယောက် အခန်းတံခါးကိုလာခေါက်တယ်။
"ဒေါက် ဒေါက် ဒေါက်"
"လာပြီ"
"ဘယ်သူလဲ"
"ဒါ အစ်ကို ကိုကျော်မင်းထွေး အခန်းလားဗျ"
"ဟုတ်တယ်"
"ကျွန်တော်က အောက်ထပ်ကပါ ၁ ယောက်တည်း ကို ၁ ခန်းတည်းရထားလို့ဆိုပြီး အဆောင်မှူးက ဒီကိုပို့လိုက်တာ"
"အော်... ဟုတ်လား နာမည်ဘယ်လိုခေါ်လဲ"
"ကောင်းမြတ်ကျော် ပါ"
ဒီလိုနဲ့ ရောက်ခါစနေ့မှာတင် အတူတူ မိတ်ဆက်စကား လက်ဆုံကျပြီး‌တော့ ကိုယ့်ထက်ငယ်တဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကိုထပ်ရခဲ့တာပေါ့။ ကိုယ်မသိခဲ့တာက ဒီကောင်လေးက နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆိုတာပါပဲ။

Coming Soon...
Wait for လက်ဆော့တတ်တဲ့ ကျွန်တော်၊ အခန်းဖော်။

K-VERSEWhere stories live. Discover now