တစ်ကုတင်တည်း အခန်းဖော်အစ်ကို

1.8K 29 9
                                    



အဲ့နေ့က အခန်းဖော်အစ်ကို ကျောင်းချိန်ပြီးတော့ အဆောင်ကိုပြန်ရောက်မလာပါ။ အစ်ကိုကျော်မင်းထွေးက Algorithm God လို့ သိထားတော့ ကျောင်း Assignment နဲ့ ပတ်သတ်ပြီး မေးစရာရှိတာလေးတွေ ရှိနေတာကိုး။ အစ်ကိုက သဘောကောင်းပါတယ်၊ ပုခုံးဖက် ဘော်ဒါတွေတော့ မဟုတ်ပေမယ့် ကျွန်တော်တို့လို အငယ်တွေကို ကူညီတတ်တယ်။ တော်လည်းတော်တယ်၊ ကျောင်းမှာက Roll 1 ဆိုပဲ။

လုပ်နေတဲ့ Assignment ကလည်း လုံးဝကို နားမလည်တော့ပဲ လုပ်နေရင်း လည်ထွက်သွားတော့ ရပ်လိုက်တော့တယ်။ အချိန်ကို ကြည့်မိတော့ ည ၁၂ ထိုးနေပြီ။ အိပ်မှပါပဲ၊ မဟုတ်ရင် မနက်ခေါင်းကိုက်နေတော့မှာ။ အဆောင်အနောက်ဖက်ရှိ မျက်နှာသစ်‌ဘေစင် မှာ မျက်နှာကို သေချာသစ် သွားတိုက်ပြီး အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်တော့တယ်။ ကုတင်က ၂ ယောက်ကုတင်ကို ဆက်ထားတာဆိုတော့ တော်တော်ကျယ်ပါတယ်။ အိပ်ခါနီး ကုတင်ပေါ်ကို သေချာလေး ဖုန်ခါသန့်စင်ပြီး အိပ်ရာခင်းကို ဖြန့် ၊ ခေါင်းအုံးတွေကို နေရာသေချာချပြီး ခေါင်းချလိုက်တာ ဘယ်လို အိပ်ပျော်လို့အိပ်ပျော်မှန်းမသိအိပ်ပျော်သွားပါလေရဲ့။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျနေရာကနေ အိပ်မှုန်စုံမွှားနဲ့ ကျွန်တော် နိုးလာရသည်။ အိပ်ချင်မူးတူးနဲ့ တံခါးဖွင့်ကြည့််လုိက်တော့ ထင်ထားတဲ့ အတိုင်း၊

"ဒီကောင် တော်တော် မူးလာတယ် အံဖတ်တွေ သတိထားဦး"

ကိုကျော်ကြီးတစ်ယောက် သူ့သူငယ်ချင်းက တွဲပြီးတော့ကို လာပို့ရတဲ့ အခြေအနေ ။ ကိုကျော်မင်းထွေးတစ်ယောက်ကလည်း တော်တော့်ကို မူးလာတဲ့ပုံ။ လမ်းလျှောက်ဖို့ နေနေသာသာ မျက်လုံးတောင်မပွင့်တဲ့ အခြေအနေ၊ အဝတ်အစားတွေကလည်း ညစ်ပတ်ပေကျံ လို့၊ ဒီပုံစံနဲ့ ဘယ်လိုမှ အိပ်ရာပေါ်ကို တင်လို့ မဖြစ်။ လာပို့တဲ့ အစ်ကိုကလည်း လာပို့ပြီး ပျောက်သွားလိုက်တာပေါ်မလာတော့။ တစ်ဆောင်လုံးကလည်း တိတ်ဆိတ်လို့၊ လူတော်တော်များများက Happy Friday မို့အဆောင်မကပ်ကြတာလည်းရှိတာကိုးဗျ။ လာပို့တဲ့ အစ်ကိုကလည်း တစ်ခြားဖက် အခြမ်းက။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: May 13 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

K-VERSEHikayelerin yaşadığı yer. Şimdi keşfedin