အပိုင်း - 3

84 16 0
                                    

Unicode

"ခုနကလည်းတွေ့ပြီးပြီဆိုပေမဲ့
ထပ်ပြီးနှုတ်ဆတ်ပါရစေ...
ကိုယ့်နာမည်ရှောင်ကျန့်ပါ...
မင်းရဲ့တွဲဘက်ပါတနာအသစ်ပေါ့..."

ရှောင်ကျန့်အပြုံးလေးတစ်ပွင့်နှင့်အတူ
သူရဲ့ညာလက်ကိုရှေ့ကမ်းပေးလိုက်တယ်...

*လှလိုက်တဲ့အပြုံး...*

ဒါကတော့ရိပေါ်ရဲ့စိတ်ထဲကို
ဒုံးပျံတစ်စင်းလိုဖြတ်ပြေးသွားတဲ့
အတွေးတစ်ခုပါပဲ...
စက္ကန့်ပိုင်းတောင်မကြာလိုက်ပါဘူး...

*ငါဘာတွေ တေွးမိသွားတာလဲ...
မဟုတ်မဟတ်အတွေးတွေ သွားစမ်း
လွတ်ရာကျွတ်ရာ...*

ရိပေါ်အတွေးထဲမှာ သူ့ရဲ့မဟုတ်မဟတ်
အတွေးတွေကိုအဝေးကိုဂေါက်ရိုက်တံနဲ့
ရိုက်ထုတ်နေပေမဲ့ အပြင်မှာတော့
တည်တည်တံ့တံ့ မှုံကုတ်ကုတ်ရုပ်ဖြစ်နေ
ဆဲပါပဲ...
ရှောင်ကျန့်သူ့ရှေ့က
လူမှန်း ကျောက်ရုပ်မှန်း ခွဲမရတဲ့ရိပေါ်
ကသူ့ကိုပြန်မနှုတ်ဆတ်လာပဲ
နေသောအခါ...

ရှောင်ကျန့်တို့ကလွယ်လွယ်နဲ့လျှော့ပေး
တတ်တဲ့လူစားထဲမှာမပါပါဘူးနော်...
ရိပေါ်ရဲ့ဘေးချထားတဲ့ညာလက်ကို
သူ့ဟာသူဆွဲဆတ်ပြီး လက်ချင်းရှိတ်ကာ...

ဒီလိုနှုတ်ဆတ်ရုံလေးပဲကို...
အသားပဲ့ပါသွားတာကျလို့...
ရှေ့ဆတ်ပြီးတော့လည်း အခုလိုပဲ
အဆင်ပြေပြေနေကြတာပေါ့နော် ရိပေါ်...

လက်ချင်းထိမိလိုက်တဲ့တစ်ခန...
ဓာတ်လိုက်သလို ကျင်ခနဲခံစားလိုက်ရ
တယ်...
ရိပေါ် သူ့ရဲ့လက်အပြင် နှလုံးသားရဲ့
အချစ်ရှော့ရိုက်ခံလိုက်ရမှုကိုတော့
"ရှောင်ကျန့်ကိုကြည့်မရဘူး"ဆိုတဲ့မူကို
နှလုံးသွင်းထားတာမို့ သတိမထားမိခဲ့ပါဘူး...

ထိုနေ့ည ရိပေါ်ရဲ့အိပ်မက်ထဲမှာတော့
ချိုမြိန်သောအပြုံးပိုင်ရှင်ယောကျာ်းလေး
တစ်ယောက်ကိုမြင်မက်ခဲ့မိသည်...
ရုပ်ကိုသဲသဲကွဲကွဲမမြင်ရသော်ငြား
ရှည်လျားသောအရပ်...
ထင်ရှားသောလည်စိ...
ဒါကိုကြည့်ချင်းအားဖြင့် ယောကျာ်းလေး
ဆိုတာခန့်မှန်းနေစရာတောင်မလိုပါဘူး...

ပြီးတော့...
ပျားသကာရည်ထက်ချိုမြိန်သောအပြုံးလေး...
ထင်ထင်ရှားရှားမှတ်မိနေတာက
နှုတ်ခမ်းပါးအောက်က မှဲ့နက်ကလေး...

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

💚 ပြစ်မှုပုဒ်မ 𝟏𝟓𝟎𝟎 💚Where stories live. Discover now