3

9.2K 74 2
                                    

U

လွန်ခဲ့တဲ့ ၂လ...

"မသွားချင်ပါဘူးဆိုဗျာ"
"မသွားလို့ မရဘူး၊ မင်းကျောင်းပြီးတာနဲ့ လုပ်ငန်းခွင် တန်းဝင်ရမှာ ၊ ခုထဲက လေ့လာပြီး အဆက်သွယ် လုပ်ထားရတယ်၊ မိတ်ဖွဲ့ထားရမယ်၊ လိုက်ခဲ့၊ မဟုတ်ရင် မင်းမုန့်ဖိုး ၁လစာဖြတ်မယ်"

မုန့်ဖိုးဖြတ်မယ် စကားအဆုံးမှာတော့ မာန်ရဲ့ နှုတ်ခမ်းဟာ တိခနဲ ပိတ်သွားတော့သည်။ ဒီလထဲ game skin အသစ်ဝယ်ဖို့လိုတာကြောင့် မုန့်ဖိုးဖြတ်ခံရလို့ မဖြစ်။

မကျေမနပ်နှင့် မာန် အဝတ်စားလဲပြီး အဖေဖြစ်သူနှင့် ပါတီသို့ ထွက်ခဲ့လိုက်သည်။ ပါတီဆိုတာထက် လူကုံထန် သူဌေးသားလေးတွေအတွက် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးအောင် မိတ်ဖွဲ့ရလေအောင် ပြုလုပ်သော ပွဲတစ်ပွဲသာ။
မာန် ပါတီကို ရောက်တော့ အဖေဖြစ်သူက သူ့ကို ထားခဲ့ကာ သူ့မိတ်ဆွေနှင့်သူ ဝိုင်းဖွဲ့လို့သွားပြီး မာန်ကို တစ်ယောက်ထဲ ထားခဲ့တော့သည်။ မာန်ဆိုတာ ဂျစ်ကန်ကန်လူတစ်ဦးမလို့ မျက်နှာက အေးစက်စက်နှင့် လူတိုင်းကို ရန်စ‌နေသော မျက်ဝန်းနှင့် မျက်နှာမြင် ရိုက်ချင်ပါစေဆိုသော ဆုတောင်းနှင့်လူငယ်ပင်။ သို့ဖြစ်၍ သူ့အနားကပ်ချင်သည့် လူဆိုတာ မရှိ။ မဒီလေးတချို့က သူ့ရုပ်ကြောင့် လာကပ်ကြပေမယ့် သူ့ရိုက်ပေါက်မျက်နှာပေးကြောင့် အားလုံးက ပြန်ဆုတ်သွားကြသည်သာ။
မာန် နာရီထုတ်ကြည့်လိုက်တော့ ပါတီပြီးဖို့ ၂နာရီတောင်လိုသေးသည်။ သူ့အဖေက ပါတီမပြီးမချင်း မပြန်တတ်။ သူအရင်ပြန်နှင့်ရင်လဲ မုန့်ဖိုးက ဖြတ်ခံရဦးမည်။ စိတ်ပေါက်ပေါက်နှင့် ဝိုင်ခွက်လှမ်းယူပြီး တဂွပ်ဂွပ် သောက်ချပစ်သည်။
အသက်သာငယ်ပေမယ့် ပညာမငယ်သော သူ့အတွက် ဝိုင်ဆိုတာ ရေသောက်သလောက်ပင်။ ပျင်းပျင်းနှင့် ဟိုဟိုဒီဒီ မျက်စိကစားလိုက်တော့ တစ်ဖက်ထောင့်ဆုံးဝိုင်းမှာ သူရင်းနှီးနေသော မျက်နှာ...၊ သူ့အတန်းပိုင်ဆရာ။

စည်းကမ်းကြီးပြီး အမြဲမျက်နှာသေနှင့် ဆရာဖြစ်သူဟာ အခုတော့ အပြုံးလေး ခပ်ဆဆနှင့် ဝိုင်ခွက်ကို လက်ထဲ မွေ့ရမ်းနေကာ မဒီလေးတစ်သိုက်နှင့် စကားလက်စုံကျလို့နေသည်။
မာန် ပျင်းနေသည့်အချိန် အသိတစ်ယောက်တွေ့လိုက်တာကြောင့် ဘာရယ်မဟုတ် ထိုဆီရောက်သွားပြီး ဆရာဖြစ်သူရဲ့ ပုခုံးကို ပုတ်လိုက်သည်။ လူကောင်ထွားလွန်းတဲ့သူဟာ ဆရာဖြစ်သူထက် ၃လက်မခန့် ပိုရှည်လို့နေသည်။
"ဆရာ..တိုက်ဆိုင်လိုက်တာ .."

Overrid Donde viven las historias. Descúbrelo ahora