9

11.5K 128 7
                                    

U

သုဇင်နိုးလာတော့ သူ့ဘေးအိပ်ရာမှာ လူမရှိတော့။ အနည်းငယ်နွေးနေပုံအရ ထသွားတာ မကြာသေးသည့်ပုံ။
သူ့အတွက်တော့ မထူးဆန်းပါပေ။ သူနိုးလာတိုင်း အမြဲ ဒီလိုပဲလေ။
ထူးဆန်းနေတာက သူ့နှာခေါင်းဝထဲ တိုးဝင်လာတဲ့ မွှေးရနံ့လေးတွေပင်။  ဟင်းရနံ့တွေက သင်းပျံ့စွာ သူ့ကိုကျီစယ်နေသည်။ သူအံ့ဩသွားကာ အဝတ်မပါတဲ့ သူခန္ဓာကိုယ်ကို စောင်ပတ်လိုက်ပြီး ထမင်းစားခန်းထဲ ဝင်ကြည့်လိုက်တော့ အငွေ့တထောင်းထောင်း ဟင်း၂ခွက်နှင့် ထမင်းဖြူဖြူတွေ။

"နိုးပြီလား၊ ကိုယ်အခုပဲ လာနှိုးတော့မလို့"

မာန်က သူ့ခါးစည်းဧပရွန်ကို ချွတ်ရင်း ဖြေလာသည်။ သုဇင် မာန့်အနား တိုးသွားကာ မာန့်ခြေသလုံးကို ပိတ်ကန်လိုက်သည်။

"အား!!၊ သုဇင် ! ဘာလုပ်တာတုန်း"

သုဇင် ထိုတော့မှ ဝိုး ဆိုသည့် သဘောဖြင့် နှုတ်ခမ်းလေး ဟ သွားပြီး
"အိမ်မက်မဟုတ်ဘူးဘဲ၊  အိမ်မက်မဟုတ်ရင် မင်းဦးနှောက်ပျက်သွားတာပဲဖြစ်မယ်..၊ ဆရာဝန် ..ဆရာဝန် ခေါ်ရမယ် ၊ ငါ့ဖုန်း ဘယ်နားမှာပါလိမ့် ..၊ငါ့ဖုန်း..."

သုဇင်တစ်ယောက် စောင်ကြီး ပတ်ပြီး သူ့ဖုန်းရှာဖို့ ထမင်းစားခန်းထဲကနေ ပြန်ထွက်သွားရန်ပြင်တာမြင်တော့ မာန် မျက်နှာကြီး မဲသွားကာ ဒီဆရာပေါက်စကို ပြေးရိုက်ချင်သွားသည်။
သူလျှာရှည်ပြီး အပိုတွေ မလုပ်သင့်။ ညက သူ့exစကားကြောင့် အနည်းငယ် အားနာစိတ်ဖြင့် သုဇင်ပေါ် ကောင်းပေးဖို့ ကြံရွယ်ကာ တစ်ခါမှ မီးဖို မဝင်စဖူး ဝင်ပြီး YouTube ကနေ လိုက်ချက်ကြည့်ခဲ့ပေမယ့် သူရလိုက်တာကတော့ ကန်ချက်တစ်ချက်နဲ့ အရူးခေါင်းစွပ်လေးတဲ့လေ!

သုဇင်ခါးကနေ ကောက်ပွေ့လိုက်ကာ ထမင်းစားပွဲဆီ ခေါ်လာပြီး သူ့ပေါင်ပေါ်ပင် ထပ်ထိုင်စေကာ ခါးကိုတင်းတင်းဖက်ထားလိုက်သည်။
"ကိုယ်မရူးဘူး၊ စား ..ကြည့်၊ ဒါပထမဆုံး ချက်ဖူးတာ၊ မကောင်းရင် အပြင်ကနေ မှာလိုက်မယ်"

သုဇင် မာန်ကို အဆိပ်ခပ်ထားသေးလားဆိုသည့် မျက်နှာနှင့် ကြည့်လိုက်ပြီးမှ အငွေ့ထနေဆဲ ဟင်းခွက်တွေဆီ လက်လှမ်းကာ စစားလိုက်သည်။

Overrid Where stories live. Discover now