Chapter-9

77 23 2
                                    

             Encouraging Studying


Uni version

Group chatထဲရှိ  ရှကျစ်ချီနှင့်အခြားသူများ: ......

"ဖာခ့်! ဘယ်လိုစောက်ကျိုးနည်းတွေဖြစ်နေတာလဲ ?ငါတို့တာ့ကောကို ‌လှောင်ရဲတယ်တဲ့!"

"ဘယ်ကောင်လဲ? ဘယ်ကကောင်လဲလို့ ?"

"ငါတို့ တာ့ကောကိုလှောင်ရဲတယ်ဆိုတာ ငါတို့ညီအစ်ကိုတွေအကုန်လုံးကို လာလှောင်အတူတူပဲ။ငါတို့တော့ အပြင်မှာအလှောင်ခံဖြစ်နေတာပဲ!"

"ဘယ်ကောင်လဲ?အဲ့တာ။ မနက်ဖြန် ငါသူနဲ့သွားရှင်းပစ်မယ်။"

"ဘယ်သူလဲသိတာက ဘာလုပ်လို့ရမှာလဲ။တာ့ကောက သူနဲ့ လောင်းထားတာ။ငါတို့သာ သွားရိုက်လိုက်ရင် တာ့ကောက လောင်းတာကိုမနိုင်နိုင်လို့ မဲတယ်ဖြစ်သွားမှာပေါ့ကွ။"

"..."

တစ်ဖွဲ့လုံးမှာ မိနစ်အနည်းငယ်လောက် တိတ်ကျသွားကြသည်။

"မဟုတ်လေ၊အဲ့ဒါဆိုရင် ငါတို့ဘယ်လိုလုပ်ကြရမှာလဲ။ငါတို့သာ တကယ်ကြီးစာလုပ်မယ်ပဲထား၊ ဒါကိုသာ အပြင်လူတွေသိသွားရင် ရှက်စရာကြီးလေ။"

"ငါလည်း စာမလုပ်ချင်ဘူး။စာအုပ်ဆိုတာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ခေါင်းတွေကိုက်လာလို့။"

"ငါရောပဲ..."

"မင်းတို့ကောင်တွေ မလုပ်ချင်လည်း ငါလုပ်မယ်! တာ့ကောက အမြဲငါတို့အပေါ်ကောင်းပေးခဲ့တာ။အခုသူလည်း  အလောင်းအစားလေးတစ်ခုလုပ်ရော ငါတို့ကဒီလောက်လေးတောင် မလိုက်လျောပေးနိုင်တော့ဘူးတဲ့လား? စာလုပ်ရမှာပျင်းတယ်ဆိုပြီး နေ့တိုင်းပြောနေတာဘယ်သူလဲ၊ပြီးလဲပြီးရော အဲ့လိုလူသာ စာစလုပ်မယ်ဆိုရင် ထိပ်တန်းကျောင်းသားရှစ်ရာလောက်ကတောင် သူ့ကိုအမှီလိုက်နိုင်မှာမဟုတ်ဘူး ! "

"ငါလည်း စာလုပ်မယ်။တာ့ကောက ငါတို့ကိုဘာတစ်ခုမှတောင်းဆိုဖူးတာတောင်မဟုတ်ဘူး၊ ငါတို့ကိုဆရာကြီးမလုပ်သလို၊ ငါတို့ဆီကပိုက်ဆံတွေလည်း မတောင်းဖူးဘူး။ ဦးနှောက်လေးနည်းနည်းလောက် သုံးပေးလိုက်တာ ဘာများခက်လို့လဲ!"

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now