အခန်း 1

30 0 0
                                    

ဆောင်းညနေခင်း ကောင်းကင်ကြီးက
ပုစွန်ဆီရောင်သမ်းလို့နေသည်

ဆောင်းရာသီဆိုပေမဲ့ ထားတို့ ရန်ကုန်မြို့ပြကြီးက
နွေးနွေးလေးရယ်ပါ

ငှက်ကလေးတွေ လည်းအိမ်ပြန်ချိန်ထင်ပါရဲ့
အုပ်လိုက်ပျံသန်းနေသည်မှာ ပန်ချီကားသဖွယ်

ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း သဘာဝရဲ့အလှကိုခံစားနေလိုက်ပါတယ်

ကားပေါ်ရောက်ရင် ညနေခင်းအလှကိုခံစားဖို့မဖြစ်နိုင်တော့ပြီ

ဒီအချိန်က ရုံးဆင်းချိန် ဆိုတော့ YBS ယာဉ်တွေအကုန် ပြည့်ကျပ်နေမည် မှာမလွဲ

တိုးရင်းဝေ့ရင်း ခါးပိုက်နှိုက်ရန်ရှောင်ရင်း အိမ်ပြန်ရတော့မည်

နေ့စဉ်ဒူဝ သွားလာလှုပ်ရှားနေရတဲ့ ထား တို့လို သာမန်လက်လုပ်လက်စားဝန်ထမ်းတွေဘဝပါပဲ

        *******။။။။။။။။။။။။******

ထား က အသက်၂၆ ရှိပါပြီ
ဆောက်လုပ်ရေး company ကြီးတစ်ခုမှာ
စာရင်းကိုင်တစ်ယောက်အနေနဲ့ ဘွဲ့ရပြီးတာနဲ့ဝင်လုပ်နေခဲ့တာပါ

ထားရဲ့ ဘဝကအရမ်းရိုးရှင်းပါတယ်
ထွေထွေထူးထူးပြောပြစရာတော့မရှိပါဘူး
ဖေဖေနဲ့မေမေရယ် ထားရယ် မမရယ်
မိသားစု၄ယောက်ပဲရှိတာ
ဖေဖေကတော့ ရုံးစားရေးတစ်ယောက်ပါ
မေမေကတော့အိမ်ရှင်မကြီးပါ
မမကတော့အိမ်ထောင်ကျပြီး တူမလေးတစ်ယောက်မွေးထားပါတယ်
ဖေဖေကတော့စည်းကမ်းအရမ်းကြီးပါတယ်
မမနဲ့ ထားက ဖေ‌ေဖ့ကိုအရမ်းကြောက်ရပါတယ်
‌မေမေကတော့ အရမ်းသိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ပါ မေမ့ကိုကြည့်လိုက်တိုင်းအမြဲ အေးချမ်း
ရပါတယ်

ထား ဘဝလေးက အရာအားလုံးအဆင်ပြပြေနဲ့ရှိနေပါတယ် ထားမှာ လစဥ်ပံုမှန်ဝင်ငွေရတဲ့ အလုပ်လေးလည်းရှိတယ် ပျော်စရာကောင်းတဲ့မိသားစုလည်းရှိတယ် ဖေဖေနဲ့မေမေကလည်း ထားတို့ညီအမနှစ်ယောက်ကို လူတန်းစေ့အောင် ထားပေးခဲ့တဲ့အတွက်
ထား မှာ စိတ်ရှုပ်စရာ စိတ်ညစ်စရာ ‌ဆိုတာဘာမှန်းမသိအောင် ထား ဘဝလေးက သာယာပါတယ်
တစ်ခါတစ်လေ အလုပ်ကရတဲ့ pressure လေး
တော့ ရှိတာပေါ့

မောင့်ရပ်ဝန်းငယ်Where stories live. Discover now