အခန်း 2

19 0 0
                                    


မျက်နှာပေါ်သို့ ပြတင်းတံခါးမှ ဝင်ရောက်လာတဲ့ မနက်ခင်းနေရောင်ခြည် နွေးနွေးလေး ကျရောက်လျက်ရှိသည်

ကျလိ..ကျလိ..ကျလိ...

နားထဲသို့ တိုးဝင်လာသော သဘာဝရဲ့နိုးစက်သံလေးတွေကြောင့် သူ အပျင်းကြီးပြီးဆက်အိပ်လို့မရတော့ပါ

မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ပြတင်းပေါက်ကို လှမ်းမော့ကြည့်လိုက်သည်
နေထွက်နေပြီဖြစ်သော်လည်း ပြင်ဦးလွင်ရဲ့ မနက်ခင်းက အေးမြနေသည်
နာရီကြည့်လိုက်တော့ ၁၀နာရီထိုးတော့မည်

ဒီ ..ဒီ....ဒီ...ဒီ...

အိပ်ယာဘေးမှ မြည်နေသော ဖုန်းကိုလှမ်းယူလိုက်သည်
screen မှာမြင်နေရသည်က "မေမေ"

"Hello"
"သား မင်းမင်း ရေ"
"ခုမှနိုးတာမလား"
"မေမေ ရယ် သား ရဲ့holidayလေးပါနော်"
"မေမေ ဘာပြောလို့လည်း နားပါတော် နားပါ"
"မေမေတို့ သဘက်ခါမှ မန္တလေးဆင်းလာခဲ့မယ်"
"ဒီမှာ သားဖွားဖွား ဆေးခန်းရက်ချိန်းက မနက်ဖန်ပြောင်းသွားလို့လေ အဲ့ဒါ‌လှမ်းပြောတာ သားရေ"
"ဖွားဖွားကလည်း ကိုယ့်ကျန်းမာရေးအကြောင်းသိရဲ့သားနဲ့ အလှူထိလာချင်နေသေးတယ် မေမေရယ် ဒီတိုင်းပဲအလှူငွေလွှဲပေးလိုက်ရောပေါ့ ခရီးကပန်းဦးမယ်"
"အော် သားရယ် ဖွားဖွားက မတွေ့တာကြာနေတဲ့ သူ့ မိတ်ဆွေတွေနဲ့တွေ့ချင်နေတာ သားရဲ့"
"အင်းပါ အာ့ဆို သားက ပြင်ဦးလွင်မှာပဲစောင့်နေလိုက်မယ်လေ"
"အဲ့ဒါမေမေပြောမလို့ မန္တလေးကခြံကို ရန်ကုန်ကဖွားဖွားဧည့်သည်မိသားစုတွေလာတည်းမှာ သား မန္တလေးအရင်ဆင်းနှင့်လိုက် ပြီး‌ေတာ့ခြံထဲမှာ လိုအပ်တာတွေပြင်ဆင်ချိန်ရအောင် သားသွားကြီးကြပ်ပေးပါဦး "
"ခြံထဲမှာ ဦးမြအောင် တို့သေချာ လုပ်ထားမှာပဲကို မေမေကလည်း ဦးမြအောင်တို့က စိတ်ချရပါတယ်"
"သား ပြင်ဦးလွင်မှာ လည်ချင်သေးတယ် ပြီးတော့ ကိကိ နဲ့ ရာဇာတို့လည်း သားခေါ်ထားတယ် သူတို့ဒီ‌‌ေနမန္တလေးကနေတက်လာကြမှာ သားတို့ မတွေ့တာကြာပီလေ"
"မင်းမင်းရယ် ကိုယ့်ခြံမှာ ကိုယ်တိုင်ကြီးကြပ်ရမှာပေါ့ ဦးမြအောင်တို့စိတ်ချရပေမဲ့ သား ကိုယ်တိုင်သွားကြည့်စေချင်တာ ဖွားဖွားက သားအသက်လည်းမငယ်တော့ဘူးကွယ် အပျော်တွေလျှော့တော့နော် မန္တလေးရောက်မှ လည်တော့ ကိကိတို့နဲ့ ပြ‌ီးတော့ ဧည့်သည်က ဖွားဖွားရဲ့မိတ်ဆွေ ဆိုတော့ လိုလေသေးမရှိဖြစ်စေချင်လို့"
"မေမေကတော့လုပ်ပြီ ဖွားဖွားနဲ့ ကိုင်ပေါက်ပြီ
သားက ခုမှ ၂၃ နှစ်ပဲရှိသေးတာပါ ကလေးမဟုတ်တော့ပါဘူး တောင်ကြီးမှာလည်းဖေဖေနဲ့အတူ စိုက်ခင်းတွေ လိုက်ကြည့်နေတာပဲ"
"ကဲပါ စကားတွေမရှည်နဲ့တော့ ရေမိုးချိုးပြီး သွားတော့ ကားလည်းဖြည်းဖြည်းမောင်းဦး"
"ဟုတ် ဟုတ် မေမေရေ"
*******။။။။။။။။။။*******

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

မောင့်ရပ်ဝန်းငယ်Where stories live. Discover now