Plz Don't Hyung (ep3)

3.8K 365 4
                                    

Doctor……ခွဲစိတ်မှု့အောင်မြင်ပါတယ် သွေးထွက်လွန်နေတာလည်း ရပ်သွားပါပြီ ဒါပေမဲ့ ခုထိတော့ သတိမရလာသေးဘူး လူနာခန်းထဲပြောင်းလိုက်ပါပြီ လူနာကိုဝင်တွေ့လို့ရပါပြီ

Chanyeol……nae nae Gumarwoo doctor

Jongin တစ်ယောက် အခန်းထဲ အမြန်ပြေးဝင်သွားတော့သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ သတိလစ်မေ့မျောနေတဲ့ Kyung……… ခေါင်းမှာကော လက်တွေမှာကော ပက်တီးဖြူဖြူကြီးတွေများစွာနဲ့

် နှာခေါင်းကော ပါးစပ်တွေမှာပါ Oxygen တွေတပ်ထားရတာ  လက်တစ်လျှောက်လုံးမှာလည်း ဆေးတွေ သွေးတွေ သွင်းထားရတာ ပိုက်တွေများစွာနဲ့ Kyungsoo တစ်ယောက် accident ကြောင့်ရထားတဲ့ ဒဏ်ရာတွေကမြင်ရက်စရာကိုမရှိပါ။

Jongin တစ်ယောက် Kyungsoo ကိုကြည့်ပြီး ရင်ဘတ်ကလည်း အောင့်လာသည်။ အသက်တောင်မရှုနိုင် ပါးစပ်လေးအဟောင်းသားနဲ့ ခြေထောက်တွေတောင်တုန်ရီလာသည်။

Baek……Kyung ဒဏ်ရာတွေအများကြီးပဲ

Baekhyun တစ်ယောက် Kyungsoo ကိုဆက်မကြည့်ချင်တော့ဘဲ Chanyeol ရင်ခွင်ထဲ တိုးဝင်ပြီး အသံတောင်မထွက်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုနေမိသည်။

Min Seok……Jonginna ငိုချင်ငိုလိုက်လေ

Jongin တစ်ယောက် ဘာအသံမှတောင်မထွက်န်ုင်ဘဲ Kyungsoo ဘေးနားဖြေးဖြေးချင်းလျှောက်သွားပြီး ကုတင်ဘေးလေးမှာထိုင်ကာ Kyungsoo လက်ကလေးကိုကိုင်ပြီး မျက်ရည်မကျအောင် အားတင်းထားသော်လည်း မျက်လုံးအိမ်တစ်ခုလုံးနီရဲနေပါပြီ။

Baek……သူသက်သာသွားမှာပါနော် သူပြန်သတိရလာမှာနော်

Chanyeol……သတိရလာမှာပါ ခွဲစိတ်တာလည်း အစဉ်ပြေတာပဲဟာ ငါတို့စောင့်ကြည့်ကြတာပေါ့

Jongin……hyung ထတော့လေ hyung

Chanyeol……Jong

Chanyeol က Jongin ပခုံးလေးကိုကိုင်ကာခေါ်လိုက်တော့ ခေါင်းလေးအသာမော့ကြည့်ပြီး

Jongin……Yeol Hyung Kyungoo hyung နိုးပေးဦးလေ hyung ကထလည်းမထဘူး

Chanyeol……Jonginna 

Jongin……Appa နဲ့ Omma တို့တုန်းကလည်း အဲ့လိုအိပ်နေတာလေ Jongin ကနိုးပေမဲ့လည်း ထမလာကြတော့ဘဲ Jongin နဲ့အဝေးကြီးကိုထွက်သွားကြတယ် အခု Kyungsoo hyung ကလည်း Jongin နိုးနေတာ မထပြန်ဘူး Jongin ကိုထားခဲ့ဦးမှာလားဟင့်

Hyung & BabyWhere stories live. Discover now