Love U

3.6K 328 5
                                    

Jongin တစ်ယောက် Kyungsoo လက်ကိုကိုင်ကာ

Jongin……hyung ဘာပြောချင်လို့လဲဟင်

Kyungsoo ကတော့ သူ့ရဲ့လက်ကိုလာကိုင်တဲ့ Jongin လက်တွေကို ဖယ်ချလိုက်ပြီး

Kyungsoo……ဘယ် သူတွေလဲ

Jongin……ဗျာ hyung hyung ဘာ ဘာပြောလိုက်တယ်

Kyungsoo……မင်းက ဘယ်သူလဲ ဘာလို့ငါ့ကို hyung လို့ခေါ်နေတာလဲ ငါကမင်းအစ်ကိုလား

Jongin မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနဲ့ ဘာဆိုဘာမှမပြောနိုင်တော့ဘဲ

Baek……Kyung မင်းဘာပြောလိုက်တယ် မင်းငါတို့ကိုမသိတော့ဘူးပေါ့ Kyung

Kyungsoo……အာာ Baek ကလည်း ငါမင်းကိုသိတာပေါ့ ငါ့အမြွာ ညီအစ်ကိုပဲဟာ

Yeol……ငါ ငါ့ကိုကော

Kyungsoo……မင်က Yeol လေ

Jongin……hyung ဘာလို့လဲ ဘာလို့ Jongin ကိုကျမမှတ်မိရတာလဲ

Baek……Kyung မင်းနောက်နေတာလား ဘာလို့ အားလုံး ကိုမှတ်မိနေပြီး Jongin ကျ မမှတ်မိရတာလဲ Jongin က Yeol ရဲ့ ညီတစ်ဝမ်းကွဲလေ မင်းအရမ်းဂရုစိုက်ပြီး သည်းသည်းလှုပ်ချစ်တဲ့ Jongin လေ

Kyungsoo……အာ မသိဘူးကွာ ငါခေါင်းတွေ အရမ်းကိုက်လာပြီ

Min Seok……Baek ဆရာဝန်ခေါ်လာပြီ

Baek……လုပ်ပါဦး Doctor ရယ် Kyung က အားလုံးကို မှတ်မိနေပြီး Jongin တစ်ယောက်ထဲကိုမှ သတိမေ့နေတယ် သူ Jongin ကိုမသိဘူးတဲ့

Doctor……ဘယ်လို မသိဘူး ဟူတ်လား Kyung သက်သာရဲ့လား တနေရာရာက နာတာတွေ ဘာတွေကော ရှိသေးလား

Kyungsoo ခေါင်းကို အသာလေး ညိတ်ပြလိုက်သည်။

Doctor……ဒါဆို ရင် ဒီကောင်လေး ကဘယ်သူဆိုတာ Kyungsoo တကယ်မသိတာလား

Kyungsoo……nae

Doctor……ဘာလို့မသိတာလဲ Kyungsoo ရဲ့ ဖြေးဖြေးစဉ်းစားကြည့်ပါဦး Kyungsoo ရဲ့အချစ်ဆုံး ညီလေးလေ

Kyungsoo……မသိဘူး ကျွန်တော် မသိဘူး ခေါင်းမူးတယ် ခေါင်းမူးတယ်

Doctor……ဟုတ်ပါပြီ ဟုတ်ပါပြီ ခေါင်းမူးနေရင်တော့ ဘာမှမစဉ်းစားနဲ့တော့ နားလိုက်ဦးနော်

Kyungsoo……nae

Baek……Doctor ဘာဖြစ်တာလဲဟင်

Doctor……ဒီလိုမျိုးကတကယ်တော့ လူ ၁၀၀ မှာ ၁၀ ရောက်လောက်ဖြစ်တက်ပါတယ် ကိုယ်အရမ်းချစ်ရတဲ့သူ ကိုယ်အရမ်းမုန်းတီးတဲ့သူတွေကို မေ့သွားတက်တာပါ အခု သူက Jongin ကိုမှ မေ့သွားပေမဲ့ သူ့ကို Jongin နဲ့ပတ်သတ်တဲ့ အမှတ်ရစရာလေးတွေ Jonginနဲ့သူနဲ့ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြန်ပြောပေး အဲ့လိုဆို သူပြန်ပြီး သတိရလာမှာပါ

Hyung & BabyTahanan ng mga kuwento. Tumuklas ngayon