part 10

586 13 0
                                    

ကားပေါ်မှာ တစ်လမ်းလုံး တစ်အိအိငိုလာပီး နောက်ဆုံးကျ မောပီးအိပ်ပျော်သွားတာကြောင့် ကွန်ဒိုပြန်ရောက်တော့ သူပဲ ကားထဲကနေ ချီကာ အခန်းထဲက ကုတင်ပေါ်ကိုချပေးပီး ထွက်လက်စ မျက်ရည်ဥလေးတွေကို လက်မနဲ့အသာအယာဖယ်ကာ ရင်ဘတ်အပေါ်ထိ စောင်ကိုဆွဲယူခြုံပေးလိုက်သည်။ ဟိုအရင်ရက်တွေကတည်းက ညလယ်လောက်ဆို အမြဲယောင်ယောင်ပီး ထထအော်တာ ကြားပေမယ့် ယောင်တတ်တဲ့အကျင့်လိုသာထင်ခဲ့မိတာ။ ဒီအချိန်အိပ်ရင် ညသန်းခေါင်ကျပြန်နိုးမှာအသေချာ ညစာလဲမစားရသေးတာကြောင့် နိုးရင်အသင့်စားလို့ရအောင် မီးဖိုချောင်ထဲအပြေးဝင်ပီး ပြင်ဆင်ရတော့သည်။

"ငိုပီးအိပ်ထားတာဆိုတော့ နိုးလာရင် ခေါင်းကိုက်နေမယ် သံပုရာရည်လေး ဖျော်ထားရမယ် သကြားနည်းနည်းနဲ့ အေးအေးလေးကြိုက်တာမို့ ရေခဲတုန်းများများ"

ထမင်းကို ကြက်ဥ၊ဥနီ တိုနဲ့ရောကြော်ပီး ပုဇွန်ထုတ်ကိုလဲ ဆီလေးသတ်ပီးကြော်ရမည်။ ခွေးပေါက်လေးက ပုဇွန်ထုပ်သိပ်ကြိုက်တာမို့ ကျောင်းက ပြန်ရောက်ရောက်ချင်း အပြေးဝယ်ထားတာဖြစ်သည်။

"မေ မေ 12နာရီကျော်နေပီကွာ ထပါဦး ဘာမှမစားရသေးပဲ အိပ်သွားတာ အစာအိမ်ဖြစ်မယ်"

"အင်း အာ အိပ်ပျော်သွားတာပဲ ဘာလို့မနိုးတာလဲ
ရေလဲမချိုးရသေးဘူး"

"မောင့်သဲသဲလေးအိပ်နေတာကို မနှိုးရက်လို့ပေါ့ ရေကိုအပူစပ်ချိုး မြန်မြန်လေးချိုးနော် မောင်အဆင်သင့်ပြင်ပီး စောင့်နေမယ်"

"အင်း"

ထမင်းစားပွဲပေါ်ရောက်ရောက်ချင်း ပုဇွန်ထုပ်အကြီးကြီးတွေကိုမြင်တာနဲ့ ချက်ချင်းမျက်လုံးကအရောင်လက်ကာ ဇွန်းနဲ့ခရင်းကိုကောက်ယူပီး စားဖို့ပြင်လေသည်။ တကယ့်ကိုကလေးပေါက်စ သူကြိုက်တဲ့အစားအစာတွေမြင်ရင် ဟန်မဆောင်တတ်။ ဒါလေးကိုပဲ သူအသဲယားပီး ချစ်နေရတာ။

"ပုဇွန်ထုပ် အကြီးကြီးတွေ အသားလေးတွေက အိစက်နေတာပဲ အို စားလို့ကောင်းလိုက်တာ "

"အဲ့သလောက်တောင်ကြိုက်ရလား ကောင်းရင်စားပါဗျာ နောက်လဲ မောင်အမြဲတမ်းချက်ကျွေးမှာ ကလေးလေးသာ အများကြီးစားပေး"

Stand By Me [completed] Where stories live. Discover now