part 14

427 12 0
                                    

လိပ်စာကဒ်ထဲကအတိုင်းဆို ရှေ့မှာမြင်ရတဲ့ အိမ်ပင်။ မနေ့ညက တိုင်ပင်ခဲ့တဲ့အတိုင်း သူလဲလုပ်စရာရှိတာကိုဆက်လုပ်ရမည်။

"တင် တောင်"

"ဘယ်သူနဲ့တွေ့ချင်လို့ပါသလဲရှင်"

"ဒီအိမ်က ရှေ့နေနဲ့တွေ့ချင်လို့ပါ"

"အော် ဆရာ့ဧည့်သည်လား အိမ်ထဲကြွပါ ဒီမှာခနထိုင် ကျွန်မ ဆရာ့ကိုသွားခေါ်ပေးပါမယ်"

"အင်း"

ခနကြာတော့ အရပ်မနိမ့်မမြင့် ကြည့်လို့ကောင်းတဲ့ရုပ်ရည်နဲ့ အသက် 40ဝန်းကျင်လူကြီးတစ်ယောက်ဆင်းလာပီး

"အော် ဘယ်သူများလဲလို့ မင်းကို"

"ခင်ဗျားက ကျွန်တော့်ကိုသိလို့လား"

"သိပ်သိတာပေါ့ ခုမင်းကငါ့ကိုလာရှာတာဆို့တော့ မင်းအရင်ပြော လာရင်းကိစ္စကို"

"ကျွန်တော်ကိုယ်တိုင်လဲမသိဘူး ဟိုနေ့က ခင်ဗျားကျွန်တော့်ကိုလာရှာတယ်ဆိုလို့ ပြန်လာရှာတာ ဘာကိစ္စလဲဆိုတာ ခင်ဗျားပြောရမှာ"

"အဲ့လိုလား ဟုတ်ပါပီ အဲ့တာဆို ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပါရစေ ငါကမင်းအမေရဲ့ မိသားစုရှေ့နေ မင်းအမေရဲ့ ငယ်သူငယ်ချင်းဆိုလဲဟုတ်တယ် အဲ့တော့ ငါတို့စကားကို အေးအေးဆေးဆေးပြောကြရအောင် အရင်ဆုံး မင်းအမေရဲ့ ပိုင်ဆိုင်မူတွေအကြောင်းက စမယ်
ခုလက်ရှိ မင်းအဖေရဲ့ နောက်ဇနီးက တာဝန်ယူထားတဲ့အရာမှန်သမျှက မင်းအမေရဲ့ပိုင်ဆိုင်မူတွေအကုန်ပဲ မင်းရဲ့အဖေအကြောင်းကို အကုန်သိနေတဲ့ မင်းအမေက အဲ့ပိုင်ဆိုင်မူအကုန်မင်းနာမည်နဲ့လွှဲပေးခဲ့တယ်။ ဒါပေမဲ့ သတ်မှတ်ချက်ရှိတယ် အဲ့အရာတွေအကုန်လုံးက မင်းမိန်းမရပီး ကလေးတစ်ယောက်ရတဲ့ အချိန်မှ ပိုင်ဆိုင်ခွင့်ရမှာ။

မင်းအမေက ညဏ်အရမ်းကောင်းတယ်လေ အစက မင်းအသက်18နှစ်ပြည့်ရင်ပေးလိုက်ပါလို့ ငါပြောသေးတယ် ဒါပေမဲ့ မင်းက ငယ်ငယ်လေးထဲက အဲ့တာတွေမမက်မောသလို လွတ်လွတ်လပ်လပ်နေချင်တဲ့ကလေးတစ်ယောက် တစ်ဇွတ်ထိုးလဲလုပ်တတ်တဲ့သူ သူမသေခင်ကတည်းက မင်းအဖေကဖောက်ပြန်နေခဲ့တာ တကယ်လို့မင်းကိုသာ 18နှစ်ပြည့်တဲ့ခါလွဲပေးရင် မင်းကအဲ့တာတွေကိုစိတ်ဝင်စားမှာမဟုတ်ပဲ ဘာမှမဟုတ်သလို ထားခဲ့ရင် နောက်ကျ ညဏ်နီညဏ်နက်များတဲ့ မင်းအဖေနဲ့ဟိုသားအမိပဲ ရသွားကြမှာဆိုးလို့ မင်းသာအိမ်ထောင်ပြုပီး ကလေးတစ်ယောက်ရတဲ့အချိန်ဆို တည်ငြိမ်ပီးရင့်ကျက်လောက်ပီလို့ မင်းအမေက စဥ်းစားပီ ခုလိုလုပ်ပေးခဲ့တာပဲ"

Stand By Me [completed] Where stories live. Discover now