1(Z)

0 0 0
                                    

ချစ်သော နှလုံးသား
                 ၏
             စေညွန်ရာ

သာယာလှတဲ့နံနက်ခင်းတစ်ခုမှာ ရပ်ကွက်ရဲ့အလယ်မှာရှိတဲ့ နှစ်ထပ်တိုက်အိမ်လေးမှာ  တည်ငြိမ်စိမ်းသက်ဆိုတဲ့ 21အရွယ်ကောင်ငယ်လေးတစ်ယောက်ရှိသတဲ့။ဆယ်တန်းဂုဏ်ထူးနဲ့အောင်ပြီး သက္ကသိုလ်တက်ရမှာပျင်းတဲ့ကောင်လေးပေါ့။ ထိုတည်ငြိမ်စိမ်းသက်ဆိုတဲ့ကောင်ငယ်လေးက နာမည်ကသာတည်ငြိမ်ပြီးစိမ်းသက်နေတာ ယွတာမှလက်လန်လွန်းပါရဲ့။စကားနိုင်လုရင်လည်း တည်ငြိမ်တို့မနိုင်ဘူးဆိုတာမရှိ။ ဒါပေမယ့် တည်ငြိမ်ဆိုးတာကိုလိုက်ထိန်းပေးတဲ့လူတစ်ယောက်ရှိသည်။ ထိုလူလေးကတည်ငြိမ်တို့ရဲ့ဘေးအိမ်က အေးချမ်းမောင်ဆိုတဲ့တည်ငြိမ်နဲ့အသက်တူအရွယ်မတူအကျင့်မတူလေးပေါ့။ အေးချမ်းမောင်ကတည်ငြိမ်အေးဆေးတာမို့ တည်ငြိမ်နဲ့ဆိုရင်အံကိုက်ပင်။ ဒါပေမယ့်နှစ်ယောက်သားတည့်လားမေးရင် အဖြေကတော့ မတည့်ပါဘူး တွေ့တိုင်းကိုက်ချင်နေကြတဲ့ခွေးနဲ့ကြောင်လို့ပါဘဲ။အေးချမ်းမောင်ကဘဲအလျော့ပေးနေတာပေါ့။ကဲ...ပြောသင့်တာပြောပြီးပြီးဆိုတော့ တည်ငြိမ်တို့ရဲ့ဇာတ်လမ်းကိုစလိုက်ကြရအောင်။

'' ဟဲ့ကောင်လေး တည်ငြိမ် ''

' ဒုန်း ဒုန်း '

'' ဒီကောင်လေး နေဖင်ထိုးလို့နေဖင်ထဲဝင်တဲ့အထိတောင်အိပ်နေပါလား တံခါးလာဖွင့်စမ်းနေ့လယ်တောင်ရောက်နေပြီးထနေရင်လည်းအောက်ဆင်းလာပါလား''

နေ့လယ်2နာရီပင်ခွဲတော့မည်။ သားတော်မောင်ကမထသေးတာမို့ မိခင်ဖြစ်သူဒေါ်အေးမိစိမ်းကဘဲလာပြီးခေါ်နိုးနေရတော့သည်။ အဲ့ကောင်လေးကကောက်နေပြန်ပြီး ညကအမေဖြစ်သူကိုချွဲကျပ်မတက် ချွဲကပ်ပြီးမနက်ကြရင် သူဆော့ချင်တဲ့ဂိမ်းခွေဝယ်ပေးဖို့လာပူဆာတော့ ဒေါ်အေးမိစိမ်းကလည်း မဝယ်ပေးဘူးဆိုပြီးအပျက်ငြင်းတာမို့ ခြေစောင့်ပြီးအခန်းထဲဝင်သွားတာ ဒီနေ့နေ့လယ်ထိမထွက်လာချေ။

'' သား.... ''
'ကျွီး '

သားဖြစ်သူတံခါးကိုခေါက်မလို့ဘဲရှိသေးတယ် လက်ကိုင်ဘုကိုလည့်ဖွင့်လိုက်တော့ တံခါးကပွင့်လာသည်။

//ချစ်သောနှလုံးသား ၏ စေညွန်ရာ // Where stories live. Discover now