2(U)

0 0 0
                                    

ချစ်သော နှလုံးသား
               ၏
           စေညွန်ရာ


6:59

နံနက်ခင်းရဲ့အစမှာ သာယာလှသောငှက်ကလေးတို့ရဲ့ မြည်ကြွေးသံနဲ့ လေတစ်ဖြူးဖြူးတိုက်လို့ ရိမ်းယိုင်သွားတဲ့သစ်ပင်တွေ၊ ရပ်ကွက်ထဲမှကလေးများရဲ့ အော်ဟစ်ကစားနေကြတဲ့အသံတွေကြားနေရပါတော့သည်။ ရပ်ကွက်အလယ်ကနှစ်ထပ်တိုက်အိမ်တွင်တော့....

' ဒုန်း ဒုန်း ဒုန်း ဒုန်း '

'' တည်ငြိမ် ဖြေးဖြေးဆင်းလာစမ်းပါမေမေဖြင့်နားတွေကျိန်းလို့ပါ ''

အိမ်ပေါ်ထပ်ကနေအလောတကြီးဆင်းလာတဲ့ သားတော်မောင်ကိုကြည့်ပြီး ဒေါ်အေးမိစိမ်းမှာပြောရပြန်သည်။ တည်ငြိမ်ကလည်း အောက်ဆင်းလာကာ

'' မောနီးမေမေ ညီမလေးကော?''

'' မင်းရဲ့ညီမလေးကဧည့်ခန်းမှာဖုန်းကြည့်နေတယ် မနက်7နာရီခွဲရင် စိမ့်စိမ့်ကိုသတိပေးလိုက်အုန်းစိမ့်စိမ့်ကျောင်းသွားဖို့ပြင်လို့ရအောင် ''

'' ဟုတ် ''

တည်ငြိမ်လည်းခေါင်းငြိမ့်ကာ မနက်စာစားဖို့မီးဖိုချောင်ထဲဝင်လာလိုက်သည်။ ကြောင်အိမ်ထဲမှာဘယ်သူမှရှာလို့မရတဲ့နေရာမှာ Sunday coffeeအထုပ်လိုက်ကြီးကိုဖွက်ထားသည်။မဟုတ်ရင် မေမေ့လက်ချက်ဖြင့် သောက်ရမှာတောင်မဟုတ် မေမေသည်ကော်ဖီကြိုက်သူဖြစ်ပြီး အလုပ်ဖိလုပ်ရင်းကော်ဖီတွေသောက်ကာစွဲသွားတာမို့ ဆရာဝန်ကကော်ဖီပေးမသောက်ဖို့အကြံပေးထားသည်။ဒါကြောင့်လည်း မတွေ့အောင်ဖွက်ထားရတာ။ကော်ဖီဖျော်မလို့လုပ်ရင်း မေမေကတစ်စုံတစ်ယောက်နဲ့စကားပြောနေသံကြားတော့ တည်ငြိမ်မှာကော်ဖီထုပ်ကိုဖွက်ကာ အရှေ့သွားထွက်ကြည့်လိုက်သည်။

'' အို...သားမောင်ရယ် အားနာစရာကြီးမပေးပါနဲ့ ''

ထင်တော့ထင်သား မေမေရဲ့တစ်မောင်ထဲမောင်နေတဲ့ အေးချမ်းမောင်ရောက်နေသည်ကို။ ပြီးတော့ ချိုင့်ကို မေမေ့ကိုပေးလာတော့ မေမေ့ကပါးစပ်မှငြင်းနေပေမယ့် လက်ထဲချိုင့်ရောက်နေပြီးဖြစ်သည်။

ဒေါ်အေးမိစိမ်းကိုကြည့်ပြီး အနောက်မှရပ်နေတဲ့တည်​ငြိမ်ကိုကြည့်ကာ ပြုံးပြလိုက်တော့ ထိုမျောက်လောင်းကမျက်မှောင်ကျုံ့လို့။ ဒေါ်အေးမိစိမ်းလည်း အေးချမ်းမောင်ကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ မောင်မင်းကြီးသားက မျက်မှောင်ကျုံပြီးကြည့်နေတော့

//ချစ်သောနှလုံးသား ၏ စေညွန်ရာ // Unde poveștirile trăiesc. Descoperă acum