Part 4

3.4K 391 53
                                    

ဆံသားစလေးတွေပေါ် ပြေးနေသည့် လက်ချောင်းလေးတွေ။ ပြီးရင် လက်လေးနီရဲနေအောင် ဖြစ်နေရင် ကျွန်တော့်ကို စိတ်ဆိုးသွားလေမလား။

ဒီလက်လေးတွေမှာ mehndi လေးတင်ထားရင် သိပ်လှနေမယ်လို့ တွေးမိနေသည့် စိတ်ကြောင့် ဒီလိုလုပ်လိုက်တာ။

“မင်းကြောင့် ကိုယ်အရမ်းအိပ်ချင်လာပြီ...”

“အစောကြီးရှိသေးတာ...ကျွန်တော့်ကိုလည်း အားနာပါအုံး...ဝန်ကြီးသားက ပြန်ပေးဆွဲသမားရဲ့ဆံပင်ကို အရောင်တင်ပေးနေတယ်တဲ့...ဖြစ်သင့်လား...”

“ဖြစ်သင့်လို့ အခုကိုယ့်ကို မင်းလုပ်ပေးနေရတာမဟုတ်လား...”

“ခင်ဗျားက ချမ်းသာတယ်မဟုတ်လား...ဘာလို့ဒီလိုရွာလေးမှာ လာနေ’နေတာလဲ...ကျွန်တော့်ကိုဖွက်ထားချင်လို့လား...”

“မင်းကို ဖွက်ထားချင်မှတော့ ကိုယ့်ရဲ့အိမ်ထဲမှာ ကြိုးတုတ်ထားမယ်...ဒါက မားမားရဲ့ရွာလေး...မင်းအခုနေတဲ့တဲလေးက မားမားနဲ့ ကိုယ်နေခဲ့တာ...”

အဲ့တာမို့ကြောင့် ဒီရွာလေးက လူတွေအပေါ်ကို ကြင်နာမေတ္တာပုံအောပေးနေသည်လား တွေးမိသည်။ တကယ်ကို တစ်ရွာလုံးကို Ahmad Jeon က စောင့်ရှောက်နေသမျိုးပင်။

Taehyung ရဲ့ ကုရ်သာအင်္ကျီအဖြူလေးဟာလည်း mehndi စလေးတွေပေကျန်နေကာ နီရဲနေလေပြီ။

တစ်ချက်တစ်ချက် ကျွန်တော့်ရဲ့ ခေါင်းဟာ ထိုကလေးပေါ် ရည်ရွယ်ချက်ရှိရှိ မှီချတတ်သည်။ ပေသွားသည်လို့ စိတ်ဆိုးပြီးအော်ပြောမလားလို့ တွေးမိခြင်းကြောင့်သော်လည်း ဘာမှမပြောဘဲ သူ့အာရုံလေးက ကျွန်တော့်ဆံပင်မှာဘဲရှိနေတာ။

“Taehyung...”

“ဟင်...”

“ကိုယ့်ရဲ့လက်တွဲဖော်ကို ဘယ်လိုမျိုးပုံဖော်ထားသလဲ...”

“ကျွန်တော်မတွေးဖူးဘူး...”

“အခုတွေးပြီးပြောကြည့်လေ...ကိုယ်နားထောင်ကြည့်ချင်တယ်...”

The Criminal & Habibi (Rewrite Version) Where stories live. Discover now