Part 20

2.4K 272 34
                                    

Unicode

တစ်ဖြည်းဖြည်းထွက်ခွာသွားသည့် ဆိုင်ကယ်ပေါ်မှာ လေတစ်ဖြူးဖြူးလေးကြား Taehyung ရဲ့ ရယ်သံလေးဟာ ထွက်ပေါ်လာရင်း ရှေ့ကနေ Jungkook ဟာပြုံးလျက်မိသား။

ခါးပေါ်က တင်းကျပ်နေသည့် လက်သေးသေးလေးတွေကိုလည်း တစ်ချက်တစ်ချက် ငုံ့ကြည့်လိုက်မိသေးသည်။ 

ဆိပ်ကမ်းဘက်ရောက်တော့ ဆိုင်ကယ်ကိုထိုးရပ်လိုက်ကာ Taehyung ကဆင်းလိုက်ပြီး ဂျာကင်အောက်ကဖုံးနေသည့် လက်လေးကိုကိုင်လိုက်သည်။

"ကိုယ်ရှိတယ်...လာခဲ့..."

လက်ကိုကိုင်ထားလျက် ဆွဲခေါ်သွားလိုက်တော့ သီချင်းသံတွေကြားမှာ Taehyung ရဲ့ ခန္ဓာကိုယ်လေးဟာ ကကြုံ့သွားပြီး Jungkook နားသို့ပိုတိုးကပ်သွားလျက် လက်မောင်းက အင်္ကျီစကို တင်းဆုပ်ထားသေးသည်။

"ဟေ့...Jungkook...ပြောတော့မလာဘူးဆို.."

Jungkook ကိုနှုတ်ဆက်ရင်းမှ Jungkook နောက်က Taehyung ကိုမြင်သွားကြသည်။

"Taehyung ကောပါတယ်...လာကြ...ရော့..ပါတီလာရင်သောက်ရတယ် Taehyung...ဒီကောင်ကတော့ မသောက်တတ်ဘူး...Taehyung ကတော့ သောက်တတ်တယ်မလား..."

"မတိုက်ရဘူး..."

အရက်ခွက်ကိုယူလိုက်ကာ ဘေးသို့ချလိုက်သည်။ 

"မင်းအကျင့်တွေပါမကူးခိုင်းနဲ့..."

"ဖယ်စမ်းပါကွာ..."

တိုးတိုက်လာခဲ့ရင်း တစ်ဖက်သို့ထွက်လာခဲ့သည်။ ရပ်ထားသည့် ဘုတ်ပေါ်တက်လိုက်ကာ Taehyung ကိုပါလက်ကမ်းခေါ်လိုက်ပြီး နှစ်ယောက်အတူတူ တိတ်ဆိတ်နေသည့် လှေဘုတ်ပေါ်တွင် ထိုင်လိုက်ကာ Jungkook က ခြေထောက်ကို ရေထဲသို့ စိမ်ချလိုက်သည်။

"ပါတီထဲမသွားတော့ဘူးလား...Jungkook"

"ဟင့်အင်း...ကိုယ်မကြိုက်ဘူး...မင်းလည်းမကြိုက်ဘူးမလား...အဲ့လိုဆူညံနေတာမျိုးကို..လာထိုင်...ဒီလိုညမှာ ခြေထောက်လေးကို ရေစိမ်ပြီးနေရတာ ကောင်းတယ်..."

အိမ်စီးဖိနပ်အဖြူလေးကို ချွတ်လိုက်ပြီး ခြေထောက်ကိုဖြည်းဖြည်းချင်း ရေထဲချလိုက်တော့ အေးစိမ့်ခြင်းကို ခံစားလိုက်ရတော့ တုန်ခနဲ။

The Criminal & Habibi (Rewrite Version) Where stories live. Discover now