2

21 5 0
                                    

Unicode

"သင်ရတဲ့စာနဲ့ ဒီကောင့်မျက်နှာမြင်ရတိုင်းဒေါသဖြစ်လိုက်တာ"

အရှေ့ခုံတန်းကနေ နောက်သို့လှည့်ကာပြောလာသော စကားကို မျက်နှာငုံထားလျက် မျက်လုံးချင်းမဆုံမိအောင် သတိထားနေမိတယ်။ ပါးပြင်စွတ်စိုလာမှုကြောင့် သူရဲဘောကြောင်စွာ သူငိုနေမိပြီဟု ဆိုတဲ့အတွေးနဲ့ မျက်လုံးထဲကို ဝင်ရောက်လာတဲ့ အလင်းရောင်တန်းတစ်ခုကြောင့် သူနိုးထလာတယ်။ သူအိမ်မက်နေတာပဲဆိုတဲ့ အတွေးနဲ့ စိတ်သက်သာရာရကာ ပါးပြင်ကို လက်ဖြင့်ပွတ်သပ်လိုက်တယ်။

လက်ကောက်ဝတ်တွင် ပတ်ထားတဲ့ နာရီကို ငုံကြည့်လိုက်တော့ ၃နာရီစွန်းနေပြီပဲ။ ဘေးပတ်ဝန်းကျင်တွင်လည်း သစ်ပင်တွေနဲ့ ဆိုင်ငယ်လေးတချို့သာတွေ့သည်။

"ဦးကျော် ဘယ်နားရောက်နေပြီလဲ"

"မုဒုံထဲဝင်နေပြီသား"

......
"ဒီနေ့ မြေးလေးရောက်မယ်"

အသက်အရွယ်နဲ့မလိုက်အောင် အရွယ်တင်လှသည့် အမျိုးသမီးသည် မွန်ဝတ်စုံဝမ်းဆက်ဖြင့် ကျက်သရေရှိစွာလှပနေတယ်။ ထိုအမျိုးသမီး၏အရှေ့တွင် မဖီးထားသောဆံပင်များက ရှုတ်ပွနေပြီး သူမပြော‌သည်ကို နားထောင်နေသော ကောင်မလေး။

"နားရက်ကို အခုလိုရုတ်တရက်ဆိုသလို ဒီကိုဆင်းလာဖို့ပြောလိုက်ရတာပါ အားနာပင်မယ့် အကူညီတောင်းစရာကလည်း သမီးကလွဲပြီး ကျန်တဲ့သူမစဉ်းစားမိလို့ပါ"

သူမ ကခေါင်းကိုခါလျက်

"မဟုတ်တာ ဆရာမ...အားနာစရာမလိုပါဘူး"

သူမ စကားကို ဆရာမဆိုတဲ့အမျိုးသမီးကပြုံးပြလာကာ ခေါင်းညိတ်ပြလာတယ်။

"အင်း...သမီးကို ဆရာမရဲ့မြေးဖြစ်သူအကြောင်းပြောဖူးပါတယ်.. မြေးလေးဒီမှာနေရခက်တာမျိုးမဖြစ်စေချင်ဘူး"

"စိတ်ချပါဆရာမ သာရင်လေးကို အခုမှစတွေ့မှာဆိုပင်မယ့် ဆရာမစီက အများကြီးကြားထားပြီးသားမို့လို့ အဆင်ပြေမှာပါ"

'ပီ...ပီ...'

ကားဟွန်းသံကြောင့် ပြတင်းပေါက်ဘက်ကို အကြည့်တွေရောက်သွားတယ်။ သို့သော် ထိုင်နေသောနေရာသည် ပြတင်းပေါက်ဝေးရာဖြစ်တဲ့အပြင် ဒုတိယထပ်ဖြစ်တဲ့ အပေါ်ထပ်တွင်ရောက်နေတာကြောင့် ခြံတံခါးဘက်ကိုမမြင်ရ။

Pure Where stories live. Discover now